Sunday, March 3, 2013
Wednesday, February 27, 2013
Tuesday, February 26, 2013
KIA ရဲ့ ဟင်္သာကိုးသောင်းဇာတ်လမ်း
မြစ်ကြီးနား။
ကျွန်တော်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ အတူနေခဲ့ရတော့
ညအိပ်ရာဝင်ချိန်ဆိုရင် အဘိုးနဲ့အဘွားက တစ်လှည့်စီ ပုံပြင်တစ်ပုဒ်စီပြောပြပြီး အိပ်စက်ခဲ့ရပါတယ်။
အဲဒီထဲမှာ ရယ်စရာတွေ၊ ဝမ်းနည်းစရာတွေပါသလို မိဘနဲ့ လူကြီးသူမတွေကို ဘယ်လိုစောင့်ရှောက်ရမယ်.
အမျိုးဂုဏ်ဇာတိဂုဏ်ကို ဘယ်လိုစောင့်ထိမ်းရမယ်.စတဲ့ မှတ်သားစရာတွေလဲ အများကြီးကြားသိခဲ့ရပါတယ်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ ကိုယ့်အမျိုးအနွယ်ကို
စောင့်ရှောက်ရမယ်ဆိုတဲ့ပုံပြင်တွေထဲမှာ ကျွန်တော် အမှတ်ရဆုံးကတော့ ဟင်္သားကိုးသောင်းပုံပြင်ပါပဲ။
တစ်နေ့မှာပေါ့. မျိုးနွယ်စုတူတဲ့ ဟင်္သာကိုးသောင်း ဟာ ကျောက်ဂူကြီးတစ်ခုထဲမှာ ပင့်ကူကြီးတစ်ကောင်ရဲ့
အပေါက်ဝကနေပိတ်ဆို့ထားခြင်းကို ခံနေရ ပါတယ်။ ဂူထဲကနေ ထွက်သွားရင်၊ ထွက်မိရင် အဲဒီပင့်ကူကြီးရဲ့
ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဟင်္သာတွေဟာ ဘယ်မှထွက်သွားလို့မရဘဲ
ဂူထဲမှာပဲ ပိတ်မိနေပါတော့တယ်။ အစာလည်း ငတ်. ရေလည်း ငတ်ပေါ့၊ ပထမတော့ သူတို့တွေ ရနိုင်သလောက်
တောင့်ခံပြီးနေကြတာပေါ့၊ ဒါပေမယ့် အချိန်တွေကြာလာတော့ စောင့်စည်းသည်းခံနိုင်ခြင်းမရှိတော့ဘဲ
အမျိုးဖျက်မယ့် ဟင်္သာတွေပေါ် လာတာပေါ့။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်အမျိုးအချင်းချင်းကို
သတ်ဖြတ်စားသောက် တော့တာပါပဲ။ ဒါနဲ့ပဲ အချိန်တွေကြာလာတာနဲ့အမျှ ဂူထဲမှာရှိနေတဲ့ ဟင်္သာကိုးသောင်းဟာ
ဘယ်သူဘယ့်သူရဲ့ သတ်ဖြတ် ချင်းကိုမှမခံရဘဲ ကိုယ့်အမျိုးကိုယ် ပြန်လည်သတ်ဖြတ်ရင်းနဲ့ပဲ
အကုန်လုံးသေကြေပျက်ဆီးပြီး အမျိုး တုန်းပျောက်ကွယ်သွားခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ်။
Monday, February 25, 2013
KIA အဖွဲ့မှ တပ်သားသစ်စုဆောင်းခြင်းအား စီးပွားရေးလုပ်ငန်းတစ်ခု သဖွယ်လုပ်ဆောင်နေ
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
KIA အဖွဲ့များသည် မြို့ရွာများတွင် တပ်သားသစ်များကို စုဆောင်းမှုများကို လုပ်ဆောင်၍ ငွေကြေးများ ယူကာ ပြန်လည်လွှတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ KIA နှင့် အစိုးရ တို့သည် ယခုလအစောပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်နေခဲ့သော်လည်း KIA အဖွဲ့များက လူသစ်စုဆောင်းမှုများကို ပြုလုပ်နေခဲ့ကြပါသည်။
KIA နယ်မြေအတွင်း တရားမ၀င် တရုတ်နိုင်ငံသား ၁၀၀ကျော် ရွှေလုပ်ငန်း များလုပ်ကိုင်
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲသံများရပ်သွားခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ရွှေလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော်မှ KIA ကို အခွန်ပေးဆောင်၍ KIA နယ်မြေအတွင်းတွင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ်တွေက ဘက်ဖိုးယာဉ် ၂၀ ကျော်၊ မြေသယ်ယာဉ် ၂၀ ကျော်နှင့် အင်ဂွန်လ ဘက်မှ ၀င်လာပြီး ရွှေလုပ်ငန်းလုပ်များကို စက်ဆိုင်းကြီးများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း အခုလိုလုပ်ကိုင်ဖို့ အတွက် အင်ဂွန်လမှာရှိသည့် KIAများကို ငွေကျပ်သိန်း ၅၀၀၀ ပေးဆောင် ရကြောင်း၊ KIA မှလုံခြုံရေးများကို ယူထားပေးရကြောင်း တပ်ဖွဲ့ဝင်တစ်ဦး မှပြောကြားခဲ့ပါသည်။
KIA မှ ၀ါရှောင်တွင် ရိက္ခာများ စုဆောင်းလျက်ရှိနေ
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
ဝိုင်းမော်မြို့နယ် ၀ါရှာင်ရွာမှ KIO မြို့နယ်မှူးသည် ပတ်ဝန်းကျင် အနီးတွင် ဆက်ကြေးများ ကောက်ခံ ကာ ရိက္ခာများကို စုဆောင်းလျက် ရှိကြောင်း သိရှိရပါသည်။ KIO ၀ါရှောင် အုပ်ချုပ်ရေးမှူးသည် KIA တပ်ဖွဲ့ဝင် များအတွက် ဆန်အိတ် ၅၀၀ ကျော်စုဆောင်းနေကြောင်း၊ ထပ်မံစုဆောင်းရန် အတွက် ဗဟိုသို့ အကြောင်းကြား ထားကြောင်း အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရပါသည်။
KIA ငြိမ်းချမ်းရေး တကယ်လိုလားရင် နားလည်မှုရှိရန် လိုအပ်
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက် နောက်ပိုင်း စစ်တပ်နဲ့ KIA ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်ဆိုင်း သွားပြီး တိုက်ပွဲဖြစ်သံတွေ မကြား ရတော့လို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုကြား ၀မ်းသာ ကြည်နူး ပီတိ ဖြစ်သံတွေ ကြားသိနေရပါသည်။ “ အခုရက်ပိုင်း ကျွန်တော်တို့ နားမှာ တိုက်ပွဲမဖြစ်တော့ဘူး၊ လောလောဆယ် ပစ်ခတ် တာတွေမလုပ်ဖို့ အထက် ကပြောထားတယ်၊ စစ်တပ်က သွားလာနေ တာတော့ နေ့တိုင်းတွေ့နေရတယ် ” လို့ လိုင်ဇာအ၀င်ဂိတ် မှာ တာဝန်ကျတဲ့ KIA အရာရှိနှစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောပြခဲ့ပါသည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက် နောက်ပိုင်း စစ်တပ်နဲ့ KIA ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်ဆိုင်း သွားပြီး တိုက်ပွဲဖြစ်သံတွေ မကြား ရတော့လို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုကြား ၀မ်းသာ ကြည်နူး ပီတိ ဖြစ်သံတွေ ကြားသိနေရပါသည်။ “ အခုရက်ပိုင်း ကျွန်တော်တို့ နားမှာ တိုက်ပွဲမဖြစ်တော့ဘူး၊ လောလောဆယ် ပစ်ခတ် တာတွေမလုပ်ဖို့ အထက် ကပြောထားတယ်၊ စစ်တပ်က သွားလာနေ တာတော့ နေ့တိုင်းတွေ့နေရတယ် ” လို့ လိုင်ဇာအ၀င်ဂိတ် မှာ တာဝန်ကျတဲ့ KIA အရာရှိနှစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောပြခဲ့ပါသည်။
သစ်ခိုးထုတ်မှုများ “ ကျွန်းပွဲတော်” ဟုခေါ်ရလောက် အောင်ရှိနေ
ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ရက်ရွှေ့ဆိုင်း
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာ မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေး
ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၁၃
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ့စနာ (Michael H. Posner) နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ မစ္စတာ ပေါ့စနာ နဲ့အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီးတော့ နောက်ပိုင်းမှာ သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ၀န်ကြီး ဦးစိုးသိန်း၊ ရှေ့နေချုပ် ဦးထွန်းရှင်၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တခြား အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ မကြာသေးခင်က ကြေညာလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားများကိစ္စ ပြန်လည် သုံးသပ်ရေး၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ လွတ်လပ်ခွင့်၊ လက်ရှိ လူ့အခွင့်အရေး အနေအထားနဲ့ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ ဒေသတွေရဲ့ အခြေအနေတွေ အပါအ၀င် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပြောဆိုမှုတွေအတွက် ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် မြန်မာ နှစ်နိုင်ငံကြား လူ့အခွင့်အရေး ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် သမ္မတ အိုဘားမား ရဲ့ ပထမဆုံး မြန်မာခရီးစဉ် အတွင်းမှာ မြန်မာအစိုးရက အရေးပါတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်တွေကို ဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။
VOA
လိုင်ဇာမြို့ကို လမ်းလျှောက်သူများ အဖွဲ့ဝင်အင်အား ထပ်မံတိုးလာ
ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၁၃
ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့ အမာခံလမ်းလျှောက် အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင် အဖွဲ့ဝင်အင်အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ အဖွဲ့ဝင်အင်အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေ
Wednesday, January 16, 2013
ကေအိုင်အေ အဖွဲ့က ရွာသူ ရွာသား ၄၅ ဦးအား ဖမ်းဆီး ခေါ်ဆောင်၊ ယာဉ်များအား ဆက်ကြေး ကောက်ခံခဲ့
ယနေ့ မွန်းလွဲ ၁နာရီ ခန့်တွင် ကေအိုင်အေ အဖွဲ့မှ အင်အား ၂၅ ဦးခန့်သည် မြစ်ကြီးနား မြို့နယ် အာလမ် ကျေးရွာအုပ်စု အူဗျစ် ကျေးရွာရှိ ရွာသူ ရွာသား ၄၅ ဦးအား ဝင်ရောက် ဖမ်းဆီးသွား ခဲ့ကြောင်း၊ ဖမ်းဆီး ခံရသူများ ထဲတွင် ကျောင်းသား ၉ ဦး၊ တောင်သူ ၁၅ ဦး၊ အခြား ၃၀ ဦးပါရှိ ကြောင်း၊ ဖမ်းဆီး ခေါ် ဆောင်ခံရသူ များတွင် အသက် ၁၃နှစ်မှ အသက် ၄၀ အတွင်းရှိ လူငယ် လူရွယ် အမျိုးသား များပါရှိကြောင်း သိရှိရသည်။
တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လာ
(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသား သော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)
အဓိက အင်အားကြီးနိုင်ငံများဖြစ်ေ
မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားများကြားတွင
KIA/KIOခေါင်းဆောင်တွေ ပြောပြောနေတဲ့ပင်လုံစာချုပ်
ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းရန် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရင်း ကေအိုင်အိုအဖွဲ့က အစိုးရကို ပင်လုံစာချုပ်ပါ အချက်များကို အကောင် အထည် ဖော်ရေး တင်ပြထားကြောင်း၊ ပင်လုံစာချုပ် အတိုင်းသာ အကောင် အထည်ဖော်လျှင် အလိုအလျောက် လက်နက် ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ပြောဆို တင်ပြမှုတွေကိုသတိပြုမိသ...ည်။ ထို့နောက် ကချင် ပြည်နယ်နေ့၊ မနောပွဲ၊ ကေအိုင်အိုအဖွဲ့က လက်နက်နှင့် ပွဲတက်ရောက်ခွင့် စသည့် သတင်းများကို ဆက်ပြီး ကြားရသည်။ ယနေ့ကချင်ပြည်နယ် အခြေအနေကို ပကတိ အတိုင်း မြင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မည်ကဲ့သို့ ပေါ်ပေါက်လာသည်။ ပင်လုံစာချုပ်တွင် ကချင်ပြည် နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်၊ ပင်လုံစာချုပ်က ဘာကို ဆိုလိုသည်ကို သိရန်လို ပါသည်။ ဒါတွေမပြောခင် မြန်မာနိုင်ငံ အပေါ် ကိုလိုနီ အုပ်ချုပ်ရေး မည်ကဲ့သို့စတင် ရောက်ရှိ လာသည်ကို အကျဉ်းမျှ သိဖို့လိုပါသည်။
ဖောက်ခွဲရေးပစ္စည်း များနှင့်အတူ ကချင်တိုင်းရင်းသား မောင်နှမ ၂ ဦးအား ဖမ်းဆီးရမိ
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဘူတာကြီးတွင်
မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာမည့် ရထားတွဲပေါ်တွင် ဖောက်ခွဲရေး ပစ္စည်း
များနှင့် အတူ ကချင်း တိုင်းရင်းသား မောင်နှမ ၂ ဦး ဖြစ်သော မ ငိုက်ငိုလျန်း
(အသက် ၁၈ နှစ်) နှင့် မောင် ဖော်ကန်ဘရန်ဆိုင်း (အသက် ၁၆ နှစ်) တို့ ၂ ဦး
အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။
ဘုရားသခင်မျက်ရည်ကျပြီ
ဇန်န၀ါရီလ(၁၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် KIAအကြမ်းဖက်သောင်းကျန်းသူမ
၎င်းပစ်ခတ်မှူနှင့်ပက်သက်ပြ
ငိမ်းချမ်းရေးလိုလားသူများအဖွဲ့ ရန်ကုန်မှ ကချင်အထိ လမ်းလျှောက်မည်
ပြည်တွင်းစစ်များ အမြန်ဆုံးရပ်တန့်ပေးရန်အတွက်ငြိမ်းချမ်းရေးလို လားသူများက ရန်ကုန်မှ ကချင်ပြည် နယ်အထိ လမ်းလျှောက်ကြမည်ဟု သိရသည် ။
ငြိမ်းချမ်းရေးလိုလားသူများ အဖွဲ့ဝင် ၁၀ ဦးကလမ်းလျှောက်ကြမည်ဖြစ်ပြီး ယခုလ ၂၁ ရက်နေ့မှစတင် လမ်းလျှောက်မည် ဖြစ်သည်။
ငြိမ်းချမ်းရေးလိုလားသူများ
စစ်ပွဲအခြေအနေ ပြင်းထန် လာပါက ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်က လက်ခံနိုင်ရန် စီစဉ်
တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ ပြင်းထန်လာပါက
ကချင် စစ်ပြေး ဒုက္ခသည် များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင်ဒေးနှင့်
ကျင်ပို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များက
ကချင်ပြည်နယ်မှ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကို လက်ခံနိုင်ရန် စခန်းလေး ခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Global Times တွင်ဖော်ပြထားချက်အရ သိရသည်။
ဒေဟောင်ရှိ ယင်ကျန်းခရိုင် ပြည်သူ့ရေးရာဌာန လက်ထောက် ညွှန်ကြားရေးမှူး ဂေါင်ယိယန်ရွန်က သူတို့အနေဖြင့် ဒုက္ခသည်စခန်းများအတွက် အရေးပေါ် အထောက်အပံ့ များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် The Global Times သတင်းစာသို့ ပြောကြားခဲ့သည်။
ဒေဟောင်ရှိ ယင်ကျန်းခရိုင် ပြည်သူ့ရေးရာဌာန လက်ထောက် ညွှန်ကြားရေးမှူး ဂေါင်ယိယန်ရွန်က သူတို့အနေဖြင့် ဒုက္ခသည်စခန်းများအတွက် အရေးပေါ် အထောက်အပံ့ များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် The Global Times သတင်းစာသို့ ပြောကြားခဲ့သည်။
ကချင်ဒုက္ခသည်များထံ ထောက်ပံ့သည့် ပစ္စည်းများ KIA လက်ဝါးကြီးအုပ်
KIA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်ဦးရေ တစ်နေ့ ထက်တစ်နေ့ ပိုမိုတိုးပွားလျက်ရှိပါတယ်
ကေအိုင်အေမှစစ်အသုံးစရိတ်အတွက် တရုတ်ကိုသစ်များအများအပြားရောင်း
ကေအိုင်အေမှ အစိုးရတပ်နှင့် စစ်ပွဲတွေဖြစ်ပွားနေပြီး စစ်အသုံးစရိတ်ကာမိစေရန်အတွက
ဝိုင်းမော်မှ ဆဒုံးကားလမ်းတွင် KIA မှ အခွန်ကောက်တာလား…. ? ဓါးပြတိုက်တာလား … ?
ဝိုင်းမော်မှ ဆဒုံးသို့ သွားသော လမ်းပေါ်တွင် သွားလာနေသော ဆိုင်ကယ်နှင့်
ကားများကို KIA မှ ဓါးပြတိုက် သည့်ပုံစံနှင့် အခွန်ကောက် ခံခဲ့ကြောင်း
သိရှိရသည်။ယမန်နေ့ နံနက် ၉
နာရီခွဲခန့်၌ ဝေါ်ဆက်ယန်နှင့် သွမ်တော င်ကြားတွင် KIA အဖွဲ့မှ ဖြတ်သန်းသွား လာ
နေသော ခရီးသည်တင်ယာဉ်များနှင့် ဆိုင်ကယ်များအား ရပ်တန့်စေပြီး
အခွန်ေ ကာက်ခံခြင်း၊ စစ်ဆေးခြင်း၊ ပစ္စည်းများကို အဓမ္မ ဖျက်ဆီး လုယက်ခြင်း များ
ပြုလုပ် ပါသည်။ ယာဉ်ပေါ်တွင် ပါလာသော ခရီးသည်များကို တရာခံလို
စစ်ဆေး ရိုက်နှက် မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပစ္စည်းများကို ရှာဖွေပြီး
လိုချင်တာတွေကို ယူဆောင်သွား ကြောင်း သိရပါသည်။
လူနှင်ပစ္စည်းများ
၎င်းတို့စိတ်ကြိုက်ရှာဖွေပြီး ကားသမားဆီက အခွန်ငွေတွေ တောင်းယူသွားပါသည်။
ကားကြီးကို (၁) သိန်း၊ ယာဉ်ငယ်ကို (၅) သောင်း၊ ဆိုင်ကယ်ကို
(၁)သောင်းနှုန်းနဲ့ ကောက်ခံပါသည်။ KIA လုပ်တာက အခွန်ကောက်တာ နဲ့မတူဘဲ
သေနတ်တွေနဲ့ချိန်ပြီး ဟိန်းဟောက်တာ၊ လိုချင်တဲ့ ပစ္စည်းကိုယူ၊ ငွေကို
လည်းအတင်းလုယူနေတာဟာ ဓါးပြ တိုက်နေပုံဖြစ်နေသည်ဟု ခရီးသည်တစ်ဦးက
ပြောဆိုခဲ့ပါသည်။
Tuesday, January 15, 2013
ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ
ဇန်န၀ါရီလ
(၁၅) ရက်နေ့
နံနက် (၅း၀၀)
နာရီခန့်တွင်
KIAတပ်မဟာ(၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ
ဗမာနေအိမ်များအား
လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး
ရွာအတွင်းသို့
ဝင်ရောက်ကာ
လက်နက် ငယ်များဖြင့်
အရပ်သားများအား
ပရမ်း ပတာ
ပစ်ခတ် ခဲ့ပါသည်။
ထိုသို့ပစ်ခတ်မှုကြောင့်
ကိုမင်းကိုအောင်ဆိုသူ သေဆုံးပြီး၊
နှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကေအိုင်အေထောင်ထားသော မိုင်းနင်းမိသူတစ်ဦး အသက်အန္တရယ်စိုးရိမ်ရ
ဖားကန့်
မြို့ မှော်ဝမ်းရပ်ကွက်မှ ရခိုင်အမျိုးသားတစ်ဦးသည် ၁၃ရက်နေ့က အလုပ်လုပ်ပြီးပြန် လာစဉ်
ညနေ၅နာရီ အချိန်ခန့်တွင် ကေအိုင်အေထောင်ထားသော မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း
သိရှိ ရသည်။ မိုင်းနင်းမိသည့်အတွက် လက်နှစ်ဖက်လုံး ကျိုးပဲ့စုတ်ပြတ်ခြင်း မျက်နှာအနှံ့
ရစရာမရှိအောင် စုတ်ပြတ် သတ်နေခဲ့သဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ကူညီလုပ်ဆောင်ပေးသူက
ဆိုသည်။ မိုင်းထိ ဒဏ်ရာ ရသူကို ဖားကန့်ဆေးရုံသို့ ပို့ဆောင် ကု သပေး ခဲ့ရကြောင်းသိရှိရသည်။
ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦး အစိုးရတပ်သို့ လက်နက်နှင့်အလင်းဝင်ရောက်
ကေအိုင်အေ တပ်မဟာ(၁) ရင်း၂၂ မှ တပ်သားတစ်ဦး
အစိုးရတပ်ဆီသို့ ၎င်းကိုင်ဆောင်သော သေနတ်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အလင်းဝင်လာသော ကေအိုင်အေ တပ်သားမှာ အသက်(၁၉)နှစ်ရှိပြီး ဗန်းမော်မြို့ လက်ပန်တန်းရွာမှဖြစ်ကြောင်း၊ တောင်ယာလုပ် နေစဉ်အတွင်း ကေအိုင်အေ၏ လူသစ်စုခြင်း
ခံရပြီး ကေအိုင်အေ စစ်သားဖြစ်ခဲ့ ရကြောင်း၊ ကေအိုင်အေတွင် တာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်လုံး
တိုက်ပွဲများကိုသာတိုက်ခဲ့ရပြီး ရိက္ခာများအပြည့်အ၀ မပေးခြင်း၊ ကချင်လူမျိုး အချင်းချင်းသတ်ဖို့စေခိုင်းခြင်း တို့ကြောင့်
ယခုလိုထွက်ပြေးခဲ့ရသည်ဟု ၎င်းကပြောဆို ပါသည်။ အလင်းဝင်
ကေအိုင်အေ တပ်သားအား အစိုး ရ တပ်စခန်းတွင် နွေးထွေးစွာကြိုဆို စောင့်ရှောက် ထား ကြောင်းသိရှိရပါသည်။
အိမ်ဆောက်ဖို့သစ်ဖြတ်သူထံမှ အခွန်ကောက်ပြီး ကေအိုင်အေကိုယ်တိုင်မှ သစ်များကို တရုတ်သို့ရောင်း
မိုးကောင်းမြို့နယ် ရွှေအင်းရွာမှ ရွာသာများသည် အိမ်ဆောက်လုပ်ရန်အတွက် သစ်များခုတ်နေစဉ် ကေအိုင်အေအဖွဲ့ရောက်လာပြီး အခွန်ငွေကောက်ခံ သွားကြောင်းသိရှိရသည်။ ၎င်းတို့ကောက်ခံ သွားသော ငွေပမာဏမှာ သစ်ဖြတ်စက်တစ်လုံးလျှင် ၅သောင်း ကောက်ခံခဲ့ကြောင်း ရွာသားများအနေဖြင့် မိမိတို့ နေထိုင်ရန် ဆောက်လုပ်မှုအတွက် အခွန် ပေးဆောင်နေရသော်လည်း ကေအိုင်အေများအနေဖြင့် တရုတ်သို့ သစ်ကားကြီးငယ်များဖြင့် ထုတ်ယူရောင်းစားနေကြောင်းသိရှိရပါသည်။
ကေအိုင်အေမှ
တရုတ်နှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံသားများနှင့်အတူ သစ်များကို
ခုတ်ယူပြီး တရုတ်နိုင်ငံသို့ ကားအစီး ၅၀ ကျော်ကို ထုတ်ယူရောင်းစားနေကြောင်း
စစ်အသုံးစရိတ် ကာမိစေရေးအတွက် သစ်များထုတ်ယူရောင်းစားနေသဖြင့်
ကချင်ဒေသတွင် တောင်ကတုံး များဖြစ်နေကြောင်း သစ်ထုတ်ယူ ရောင်းစား
နေခြင်းအပြင် မြေအောက် သယံဇာတများကို ကိုယ်ကျိုး အတွက် ထုတ်ယူရောင်း
စားနေပြီး ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးခြင်းမရှိဘဲ
၎င်းတို့အာဏာ တည်မြဲရေးအတွက် လက်နက်များ ၀ယ်ယူပြီး ကချင်လူမျိုးတွေကို
အနိုင်ကျင့်နေသည်ဟု မိုးကောင်းမြို့မှ ကချင်တစ်ဦးက ပြောကြား ခဲ့သည်။
ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး ရမ်ဆိုင်း နှင့်အဖွဲ့ တပ်မတော် စစ်ကြောင်းသို့ လက်နက်/ ခဲယမ်း များ နှင့်အတူ ၁၄- ၁- ၂၀၁၃ ရက် နေ့တွင် အလင်း ဝင်ရောက်
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများသည် မိမိတို့၏ အဖျက် အမှောင့်
လုပ်ငန်းများကို သိရှိ နားလည် အမြင်မှန် ရရှိပြီး ၎င်းတို့၏ လက်နက်ကိုင်
လမ်းစဉ်ကို စွန့်လွှတ်ကာ အေးချမ်းစွာ နေထိုင်နိုင်ရန် အတွက် နည်းအမျိုး
မျိုးဖြင့် ကြိုးပမ်းလျက် ရှိရာ ၂ဝ၁၃ ခုနှစ်
ဇန်နဝါ ရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ အချိန် ခန့်တွင် အရှေ့မြောက်တိုင်း
စစ်ဌာနချုပ်၊ လှုပ်ရှား စစ်ကြောင်းမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ်
ကွတ်ခိုင် မြို့နယ်၊ မုံးဟောင် ကျေးရွာ အနီး၌ ကေအိုင်အေ တပ်မဟာ (၄)မှ
ဗိုလ်ကြီး အဆင့်ရှိ ရမ်ဆိုင်း ခေါင်းဆောင် ၍ အဖွဲ့ဝင် ၇ ဦးမှ လှုပ်ရှား
စစ်ကြောင်းသို့ လာရောက် ဆက်သွယ်ပြီး ၎င်းတို့ နှင့်အတူ အမ်- ၂၅ သေနတ် ၁ လက်၊
ကေအို အမျိုးအစား သေနတ် ၃ လက်၊ အမ်-၂၂ ခေါက်ဒင် သေနတ် ၁ လက်၊ အမ်-၂၅
ဖြင့်ပစ်ခတ် ရသည့် ဗုံးသီး ၃ လုံးတို့ နှင့်အတူ အလင်းဝင် ရောက်ခဲ့သည်။
ကချင်တိုက်ပွဲများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ဒုက္ခသည်ဦးရေးတိုးလာ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသ လုံးခင်း ပတ်ဝန်းကျင်ကျေးရွာ
တဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား လတ်တလော ဖြစ်ပွား နေတဲ့
စစ်ပွဲတွေကြောင့် လုံးခင်းနဲ့မှော်စီစာ ကျေးရွာက ကယ်ဆယ်ရေးစခန်း (၇) ခုမှာ
လာရောက် ခိုလှုံကြတာကြောင့် ဒုက္ခသည် တွေနှစ်ဆခန့် ပိုတိုးလာပါတယ်။ ဒီရက် ပိုင်း မှာ စစ်ပွဲအရှိန်အဟုန်ပိုမြင့်နေ တာေ ကြာင့်
လမ်းပန်းဆက်သွယ်ရေးတွေ ပိတ် ဆို့ထားတဲ့အတွက် နေရပ်ပြန်ဖို့
အခက် အခဲဖြစ်နေတယ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့
ကူညီပေးစေချင်တယ်လို့ လုံးခင်းဒေသက ဘုန်းကြီးကျောင်းမှာ ခိုလုံနေပြီး
ဖားကန့်ကျောက်စိမ်းတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇေယျာက RFA ကို အခုလို
ပြောပါတယ်။
" ကချင်ပြည်နယ်ဖာကန့် လုံးခင်းကျေးရွာအုပ်စုမှာ
အစိုးရစစ်တပ်နဲ့ KIA စစ်တပ်တို့ ၁၃ ရက်နေ့မနက်ကစလို့
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လမ်းတွေပိတ်ထားပါတယ်၊ ဖားကန့်
ကျောက်စိမ်းတွင်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေ
အိမ်ပြန်လို့မရဘူးဖြစ်နေပါတယ်"
လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်း ကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာ၊
ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး
ပိတ်လိုက်တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ပါတီက
ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။
ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်လာသော KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးများ
လမ်း၊ တံတား၊ ရထား နှင့် ရထားလမ်းများကို မိုင်းထောင် မိုင်းခွဲခြင်း၊
ခြောင်းမြောင်း ပစ်ခတ်ခြင်းတို့ကို KIA TERRORIST ဓါးပြအဖွဲ့၏
စစ်သမီးများမှ အဓိက လုပ်ဆောင်နေသည်ဟု သတင်းရရှိပါတယ်။
KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးဦးရေ စာရင်းကို အတိအကျ
မသိရသေးသော်လည်း၊ စစ်မှုထမ်း (၁၀၀)ရာခိုင်နှုန်း၌ (၁၀)ရာခိုင်နှုန်းမှာ
စစ်သမီးများဖြစ်ကြောင်း သိရပါတယ်။
မြေပြင် နှင့် ဝေဟင်စစ်ဆင်ရေးများဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် နေ
မြန်မာအစိုးရတပ်ဖွဲ့ ဝင်များသည့် ကချင်သူပုန် KIA တပ်ဖွဲ့ ဝင်များ၏ခြေကုပ်စခန်း ဖြစ်သည့် လိုင်ဇာကို အင်္ဂါနေ့  နံနက်ပိုင်းက စပြီးမြေပြင် နှင့် ဝေဟင်စစ်ဆင်ရေးများဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် နေ သည်ဟု ကချင်ဘက်မှလာသည့် သတင်းများတွင် ဖော်ပြထားသည်။
တစ်ဘက်သတ် ဘက်လိုက် ပြည်တွင်း မီဒီယာများ
ယခုရက်ပိုင်းအတွင်း မြန်မာပြည်ဦးခေါင်းပိုင်းေ ဒသတွင် ပြန်လည်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်
(ကေအိုင်အေ)တို့၏ တိုက်ပွဲများနှင့် မြန်မာတိုင်းရင်းသားများ၊
တပ် မတော်သားများ၊ ကချင်လူငယ်လေးများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊
နိုင်ငံတော်ပိုင် မီးရထားလမ်းများနှင့် မီးရထားများ ဆုံးရှုံးမှု၊
စစ်အတွက်နှစ်ဖက်စလုံးက အသုံးပြုသည့် လက်နက်များကြောင့်နိုင်ငံဘဏ္ဍာငွေ မြောက်များစွာဆုံးရှုံးခဲ့မှု၊ အပြစ်မဲ့ပြည်သူများ ဒုက္ခသည်များအဖြစ် အများအပြားပြောင်းလဲလာမှုအစရှိသည် တို့ကို တွေ့မြင်ကြားသိနေရသည်မှာ ၂၀၁၃ ခုနှစ် မင်္ဂလာနှစ်သစ်ကူးအတွက် စိတ်မ ကောင်း စရာ များဖြစ် ခဲ့ရ ပါသည်။
လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်အတွင်း စစ်ရေးတိုးမြှင့်ရန် ကေအိုင်အေ ပြင်ဆင်
လွှတ်တော်အတွင်း တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များ စုံလင်စွာ ရောက်ရှိနေချိန်တွင် ကချင်ပြည် နယ် အတွင်း စစ်ရေး အရှိန်များ တိုးမြှင့်လုပ်ဆောင်သွားရန် နှင့်
မိုင်းထောင်ဗုံးခွဲမှု များ၊ မြို့ တွင်း ၀င်ရောက် စီးနင်းမှုများ
ပြုလုပ်သွားရန် ကေအိုင်အေ ခေါင်း ဆောင် များမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ဒီသတင်း ရတာ တစ်ပတ်လောက် ရှိပြီ။ အစပိုင်း
ကျွန်တော်တို့ကြားတာက မံစီ၊လွယ်ဂျယ်၊ ဒေါ့ဖုန်း ယန် က ရဲစခန်းနဲ့
အုပ်ချုပ်ရေးရုံးတွေကို ၀င်စီးမယ်။ ရထားလမ်းတွေကို မိုင်းခွဲမယ် ဆိုပြီးကြား
တယ်။ သတင်းရရခြင်းပဲ တပ်မတော် စစ်ကြောင်းတွေကို ကျွန်တော်တို့ လှမ်းသတိပေး
လိုက်ပါတယ်။ မနေ့ ကတော့ ဖားကန့် နဲ့ ကာမိုင်း ဘက်တွေရော၊ မြစ်ကြီးနား အထိ
ဖောက်ခွဲမှုတွေ လုပ်ဖို့ ညွှန်ကြားချက် ထုတ် လိုက် တယ် လို့ ကျွန်တော်တို့
သိရတယ်။ ဒီကာလကတော့ အရမ်းဂရုစိုက်ရတော့မယ် ဆိုပြီး သတင်း ရင်းမြစ် က
ဆိုခဲ့ပါတယ်။
ကေအိုင်အေ အဖွဲ့အနေဖြင့် ကမ္ဘာအနှံ့ရှိ သံရုံးများ
ရှေ့တွင် ဆန္ဒပြခြင်းများ ပြုလုပ်လျှက်ရှိပြီး တစ်ချိန် တည်း မှာ ပဲ လက်ကျန်
အင်အား အကုန်စု၍ ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် တိုက်စစ် ဆင်လျှက်
ရှိသည် ဟုလည်း သိရပါသည်။
တာလီဘန်နဲ့ အယ်လ်ကိုင်ဒါကို အားကျနေသလား KIA
ကချင်ပြည်နယ်အတွင်း KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် 
ပြည်သူပိုင်တံတားများ၊ ရထား လမ်းများ၊ ကားလမ်းများ၊
ဆက်သွယ်ရေးတာဝါတိုင်များ ပျက်ဆီးခဲ့ရပြီး ပြည်သူများလည်း ရင် တထိတ် ထိတ်ဖြင့်
ခရီးသွားလာ နေကြရပါတယ်။ ဒေသခံတိုင်းရင်းသားများလည်း KIA အဖွဲ့၏ အဓမ္မ လူသစ် စုဆောင်းမှုကြောင့် မိမိတို့နေရာဒေသများတွင် နေထိုင်ရဲခြင်းမရှိတော့ပဲ KIA နဲ့ ဝေးရာ မြို့/ရွာ များသို့ ပြောင်းရွေ့နေထိုင်နေကြရပါတယ်။
အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ဟူသော ရည်ရွယ် ချက်ဖြင့်
အစိုးရဌာနများ၊ ရုံးများကိုလည်း မိုင်းထောင်ဖျက်ဆီးခဲ့လျက်ရှိပြီး လူအများထိတ်လန့်စေရန် ရည် ရွယ်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့/ ရွာအနှံ့
မိုင်းထောင်ဖောက်ခွဲလျက်ရှိပါတယ်။ ဒါတင်မကသေးဘဲ KIA စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂမ်ရှောင်မှ မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ရေး ရနိုင် သလောက် လုပ်ရန် အမိန့်ပေးထားကြောင်း သိရှိရပါတယ်။
၁၄-၁-၂၀၁၃ရက်နေ့ ည (၈း၁၀)နာရီက မိုင်းခွဲခံရသော နဘားဘူတာအထွက် တံတား
၁၄-၁-၂၀၁၃ခုနှစ်မြစ်ကြီးနား မှမန္တလေးသို့ထွက်ခွါလာသောအစုန်(၃ ၈)ရထားသည်ပင်ဝယ်ဘူတာ အကျော်တွင်(ည၈:၁၀နာရီ)တွင်နဘားဘူတာအနီးတံတားနှစ်စင်းမို င်းခွဲဖျက်ဆီးခံရသဖြင့်ပင်ဝ ယ် နှင့်နဘားအကြားအတွင်ရပ်တန့်နားခဲ့ရသည်။ ထိခိုက်ဒါဏ်ရာ တစုံတစ်ခုမရှိ။ အခုပြန်ပြင်နေပါပြီ။
နေ့လည် လောက် ရထားပြန်ထွက်နိုင်မယ်လို့ ယူဆရပါတယ်။
KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦး တပ်မတော်နှင့် လာရောက် ပူးပေါင်း
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦးသည်
နီးစပ်ရာ တပ်စခန်းသို့ လာရောက် ပူးပေါင်းကာ လက်နက်နှင့် ငြိမ်းချမ်းရေး
လဲလှယ်ခဲ့ ကြောင်း သိရသည်။ ၄င်းတို့၏ ပြောပြချက်အရ KIA အတွင်း
အမျိုးသမီးများသည် တန်းတူ ညီမျှသော အခွင့်အရေး များ မရရှိ ခြင်း၊
အနိုင်ကျင့် ခံရခြင်းများ ကြောင့် ဖြစ်ကြောင်း၊
ထို့ပြင် KIA ခေါင်းဆောင် များ အနေဖြင့် အမျိုးသမီးငယ် များအား ၄င်းတို့
စိတ်ကြိုက် ရွေးချယ်ပြီး ၄င်းတို့၏ အနားတွင် အဖျော်ဖြေခံ ကာမ ကျေးကျွန်း
များအဖြစ် ထားရှိကာ ကျန် ကလေးမိခင်များ၊ တစ်ခုလပ် မုဆိုးမ
များအား တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာ များသို့ စေလွှတ်ကာ အသေခံ
တိုက်ခိုက်စေခြင်း များကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် အဆိုပါ
လုပ်ရပ်များကို မခံမရပ်နိုင်၍ ယခုလို လာရောက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့
အမျိုးသမီး ၇ ဦးတွင် လည်း အပျိုစင် တစ်ဦးမှ မပါရှိဘဲ ကလေးအမေ၊ တစ်ခုလပ်
မုဆိုးမများသာ ဖြစ်ပါကြောင်း ရင်ဖွင့် ပြောကြား ကြသည်။
Eleven Media Group Website စာမျက်နှာ အား ပညာရှင်များ ထိန်းသိမ်းပြီ
EMG အား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေပုဒ်မ ၃၄(ဃ)စည်းကမ်းဖောက်ဖျက်
သဖြင့် Red Army Team မှ သတိပေးထားလိုက်ပါသည်။
၃၄။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(ဃ) အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေ ရန်ဖြစ်စေ သတင်းအချက် အလက်ကို အီလက်ထရော နစ်နည်း ပညာဖြင့် ပြု လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မ ဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်း လဲခြင်း ပြုလုပ် ထား သည့် သတင်း အချက်အလက်ကို ဖြန့်ချိခြင်း၊
သဖြင့် Red Army Team မှ သတိပေးထားလိုက်ပါသည်။
၃၄။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(ဃ) အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေ ရန်ဖြစ်စေ သတင်းအချက် အလက်ကို အီလက်ထရော နစ်နည်း ပညာဖြင့် ပြု လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မ ဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်း လဲခြင်း ပြုလုပ် ထား သည့် သတင်း အချက်အလက်ကို ဖြန့်ချိခြင်း၊
Eleven Media Group သည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေပုဒ်မ ၃၄(ဃ) တွင် ပြဌာန်းထားချက်အရ လက်ရှိ အစိုးရအဖွဲ့မှ အရေးယူခြင်း မရှိသည့်အတွက် Red-army Team မှ သတိပေးဆုံးမလိုက်သည်ဟု ပါရှိပါသည်။
ကချင်မြေရောက် ရှမ်းတစ်ယောက်
ကျွန်တော်နာမည် စိုင်းနောင်ပါ. ကချင်ပြည်နယ်မှာ
မွေး. ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့ရတဲ့ ရှမ်း တစ်ယောက်ပါ။ ကျွန်တော်တို့ ရွာပတ်ဝန်းကျင်မှာလည်း
ရှမ်းရွာတွေနဲ့ ရှမ်းလူမျိုးတွေ အများ စု နေ ထိုင်ကြပြီး ကချင်လူမျိုးတွေက လူနည်းစုပါ။
ကချင်ပြည်နယ်မှာ ငယ်ငယ်လေးကတည်းက အတူနေ လာတော့ ကချင်ရယ် ရှမ်းရယ်ဆိုပြီး ခွဲခွဲခြားခြားမရှိပဲ
အေးအတူပူအမျှ အတူနေလာခဲ့ကြတာ.. ဟိုး ကျွန်တော်တို့ အဖေတို့ အမေတို့ ငယ်ငယ်ကတည်းကပါ။
ကျွန်တော် မှတ်မိရသလောက်ဆိုရင်ကျွန်တော် လူမှန်းစပြီး သိတတ်ကာစ အရွယ်ကတည်းက အဖေတို့
အမေတို့ ဒီနယ်မြေမှာ ကြီးစိုးနေတဲ့ KIA ကို ကြောက်ရပါတယ်။ ရွာမှာနေတဲ့လူတွေက ကိုယ်လုပ်တဲ့
လုပ်ငန်းအလိုက် ဆပ်ကြေးမှန် မှန်ပေးပြီး နေရပါတယ်။ ရိက္ခာနဲ့ လူသစ်တွေကိုလည်း မှန်မှန်ပေးရပါတယ်။
ကျွန်တော့အကိုနဲ့ ဦးလေးတွေ တုန်းကဆိုရင် KIA ထဲကို မဝင်ချင်တော့ တခြားလူနဲ့ အစားထိုးထည့်ပြီး
ပိုက်ဆံပေးလိုက်ရတာကို မှတ်မိနေပါသေးတယ်။ သူတို့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားစဉ်
၁၇ နှစ်တာကာလအတွင်းမှာတော့ ဒီလိုနည်းတွေနဲ့ပဲ အေးအေးဆေးဆေးဖြစ်ခဲ့ပေမယ့် အစိုးရနဲ့
စစ်ပွဲတွေစတင်ဖြစ်ပွားချိန်ကစပြီး KIA ရဲ့ လုပ်ရပ်တွေက ပိုဆိုးလာပါတယ်။ ဆပ်ကြေးတောင်းတာတွေ၊
လူသစ်စုတာတွေနဲ့ ရိက္ခာထောက်ပံ့ပေးနေ ရတာတွေဟာ အရင်တုန်းကနဲ့ မတူတော့ပဲ အကြမ်းဖက်ဆန်ဆန်
ခြိမ်းခြောက်လုပ်ကိုင်လာ တာတွေကြောင့် ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေရဲ့ ကိုယ်စားပြု
တိုင်းလိုင်(ရှမ်းနီ)ပါတီကနေ KIA တို့ရဲ့ လုပ်ရပ်အပေါ် တိကျပြတ်သားတဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး
ကန့်ကွက်ခဲ့ပါတယ်…
Subscribe to:
Posts (Atom)