မနောပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ
ဖွံ့ဖြိုးဝေစီခဲ့တဲ့ ကချင်မြေဟာ သေနတ်၊ ကျည်ဆန်၊ ဗုံးသံတွေနဲ့ အကျည်းတန် အရုပ်ဆိုးစွာ
၂၀၁၃ ကို ကြိုဆိုခဲ့ပါတယ်။ ငြိမ်းချမ်းခြင်းရဲ့
ရလဒ်တွေဟာ မငြိမ်းချမ်းတော့တဲ့ အချိန်မှာ မျက်မြင်ကိုယ်တွေ့သိရှိခဲ့ရပြန်ပါပြီ။ ဟိုတုန်းက
နားထောင်ခဲ့ဖူးတဲ့ ခိုင်ထူး နဲ့ လေးလေးဝါး တို့ရဲ့ ငြိမ်းချမ်းရေးပန်းခင်း
သီချင်းကို ပြန်အမှတ်ရနေမိပါတယ်….
ရင်းနှီးနွေးထွေးခြင်းနဲ့
ဆုံကြပြီ …
ကမ်းလင့်
လှမ်းသောလက်တွေ ဆုံတွေ့ပြီ ….
မောင်နှမ
xxxxx သားအမိ xxx အဓိပ္ပါယ် xxxxx ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ် …
ငြိမ်းချမ်းရေးပန်းခင်းထဲမှာ
ဆုံကြမယ် …
အလင်းစကား
အထင်းသား သိမြင် တူယှဉ် လက်တွဲမည် …
ရန်ပြိုခြင်းရဲ့
အဓိပ္ပါယ် ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ် …
ညီညွတ်ခြင်းရဲ့
အဓိပ္ပါယ် xxxxx ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်
…
တကယ်တန်းတော့ အခုလိုမျိုးအခြေအနေမျိုးအထိ
ရောက်လာစရာ အကြောင်းနည်းနည်းလေးမှ မရှိပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အနှစ်သာရက
ဘယ်မှာလဲလို့ မေးကြည့်ချင်စရာပါပဲ။ ကချင် လူမျိုး၊ ကချင်လူထုအတွက် စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်နေတယ်ဆိုတဲ့
ကချင်မျိုးချစ် KIA ခေါင်းဆောင် သူရဲကောင်းကြီးတွေကို ဒီလိုပဲမေးလိုက်ချင်ပါတယ်… “ကချင်လူထုကောင်းစားဖို့လား၊
KIA က
ခေါင်းဆောင် တွေ အချင်းချင်း
ပေါင်းစားဖို့လား” လို့ .. ကချင်လူမျိုးကောင်းစားရေးဆိုပြီး တစ်ကမ္ဘာလုံး
သိအောင် ဟန်ရေးပြတကျော်ကျော် အော်နေပေမဲ့ တကယ်တန်းလက်တွေ့လုပ်ရပ်တွေက ဟန်ချက်မညီ မညာတဲ့
မိုင်းခွဲ
ဗုံးထောင်လုပ်ရပ်များနဲ့ လူစုအဓမ္မကျင့် လုပ်ရပ်တွေပဲဖြစ်တယ် ဆိုတာ ရင်ထဲမှာရော၊
နားထဲမှာရော မျက်စိရှေ့မှောက်မှာပါ တွေ့မြင်နေကြရမှာပါ …
KIA ဘာလဲ၊ KIA ဘယ်လဲ၊ KIA ဘာလုပ်မလဲ
စောင့်ကြည့်နေကြတဲ့ မိဘပြည်သူတွေ ခုပဲ KIA က ဇာတိရုပ် ဖွင့်ပြနေပါပြီ။ အပစ်အခတ်က မရပ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမတက်နဲ့
အဘက်အဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကို
ငြင်းဆို၊ မဖြစ်နိုင်တာတွေရအောင်တောင်း၊ တောင်းတာပေးအောင် မိုင်းခွဲလိုက်၊ လူသတ်လိုက်၊
မုဒိန်းကျင့်လိုက်နဲ့ ကချင်ပြည်နယ်ကို ချယ်လှယ်နေခဲ့တာ အားလုံးတွေ့မြင် ကြားသိနေကြရတဲ့
အတိုင်းပါပဲ။ ကချင်ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးတွေအများကြီးပါ။ ဘာအတွက် ဘာကြောင့်
ကချင်လူမျိုးတစ်မျိုးတည်းက ချယ်လှယ်ချင်ရတာလဲ။ KIA ခေါင်းဆောင်ကြီးတွေ ကို တွေးေ တာ အဖြေထုတ်စေလိုပါတယ်
. . .
ဒီမိုကရေစီနိုင်ငံသစ်ဆီကို
တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ညီတူညီမျှ တစ်ပေါင်းတစ်စည်း ထဲ လျှောက်လှမ်းနေတဲ့အချိန်မှာ
ပြည်သူပိုင် မီးရထားသံလမ်းကို KIA မိုင်းခွဲနေပါတယ်… အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေက
လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်နေတဲ့အချိန်မှာ KIA မတရားလူသစ်စုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ထဲရောက်နေတဲ့အချိန်မှာ တိုင်းရင်းသူ အမျိုးသမီးလေးတွေကို
ဖမ်းဆီးခေါ်ဆောင်ပြီး KIA အဓ္ဓမပြုကျင့်နေ ပါတယ်… အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမား မြန်မာနိုင်ငံကို
ရောက်ရှိပြီး ရွှေတိဂုံဘုရားကို ဖိနပ်မပါဘဲ ဖူးမြော်နေတဲ့အချိန်မှာ ၀မ်ပေါင်နိုင်ငံတော်ကြီးထူထောင်ဖို့
အိပ်မက်မက်ကာ မူးယစ်ဆေး ၀ါးတွေထုတ်လုပ်ရောင်းချနေပါတယ်… လင်းတတွေ ဘုရားမှာလာနားတော့ KIA သေနတ်ထဲကျည် ဆန်တွေရောက်နေပါပြီ…
နိုင်ငံတော်အစိုးရအနေနဲ့ KIA ကို ငြိမ်းချမ်းရေးဆိုသည့် အေးမြ တဲ့ ရေကြ ည် ရေပေါက်တို့ ကို
တိုက်ကျွေး ခဲ့သော် လည်း ဆေးသောက် ပျင်းသော ကလေးငယ်တွေ လို ငိုယိုကာ သောက်ချင် ဘူးဟုငြင်းဆိုနေ
သကဲ့သို့သာဖြစ်နေတော့ ပါတယ်။ အတင်း ထိုးပေးသော်လည်း အရမယူခဲ့ သော KIA ခေါင်းဆောင်ကြီးတို့ သည်
မည်သည့်အရာ များကို လိုချင်တောင့် တနေသလဲ မေးဖွယ် ရာရှိခဲ့သော် လိုင်ဇာရှိ ကိုယ်ပိုင်အဆင့်မြင့် ဟိုတယ်ပေါ်တွင် တရုတ်အရက်အကောင်း
စားနှင့် တိုင်းရင်း သူလှပျိုဖြူများနှင့်နှပ်ကာ နေလိုပါသည် ဟုဖြေလိမ့်မည်ဟု ထင်မိပါ
သည်။ လူမျိုးကြီးဝါဒကို လက်ကိုင်ထား သော KIA ခေါင်းဆောင် ပိုင်းတွေအနေနဲ့ ယုံကြည်ချက်၊
ခံယူချက်ဖြင့် တရားသောစစ်ကို ဆင်နွှဲနေခြင်းမဟုတ်ဘဲ လက်အောက်ခံ တိုင်းရင်းသား တပ်ဖွဲ့ဝင်များအား
ရှေ့တန်းစစ်မျက်နှာတင်ကာ အသေခံစေခြင်းဖြင့် အချိန်ကုန်လွန်နေတော့ပါတယ်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ပဋိဇီဝဆေးများ ထုတ် လုပ်ရောင်း ချ ဖြန့်ဖြူးနေရုံ မကဘဲ သုံးစွဲသောက်သုံးလာအောင် တပ်ဖွဲ့ဝင်တွေကို
တိုက်တွန်း ပြီး သေနတ်တစ်လက် ကျည်ငါးဆယ်ေ ပးကာ သေမင်း ခံတွင်းဝပို့ပြီး ရူးရူးမူးမူး
စစ်တိုက်ခိုင်းနေပါတယ်… လုပ်ချင် လည်းလုပ်၊
မလုပ်ချင်လည်းလုပ်၊ ထွက်ပြေးရင်လည်းပစ် သတ်၊ နေပြန်ရင်လည်း ညစ်ပတ်နုံချာနေတဲ့ ဘ၀မျိုး မှာ
နေရတဲ့ KIA ရဲ့ အဓမ္မစုဆောင်းခံ တပ်သားသစ်လူငယ် လေးတွေရဲ့ဘ၀ဟာလည်း သနားစရာကောင်း လှပါတယ်။
စာရွက်နဲ့ ဘောပင်ကိုင်ရမဲ့ လက်တွေဟာ မိုင်းတွေ၊ သေနတ်တွေ ကိုင်ပြီး မတရားဆင်နွှဲနေ တဲ့တိုက်ပွဲထဲမှာ
စိတ်ဝိညာဉ်မဲ့ မူးယစ်ဆေးစွဲ သေပွဲဝင်ခိုင်းပါတယ်။ ရင်နင့် စရာကောင်းလောက်တဲ့ ကချင်ပြည်နယ်ကလူစိတ်ပျောက်
နေတဲ့ KIA ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်ချင်းမစာမနာ လုပ်ရပ်တွေ ထဲက ခပ်ပါးပါး မိုက်ရိုင်း
ယုတ်မာမှုရဲ့ တစ်ချို့ တစ်ဝက် တစ်စိတ်တစ်ဒေသ အနည်းငယ်လောက် သာပဲ ဖြစ်ပါတယ်။
ဒီ့ထက် အော်နှလုံးနာစရာကောင်းတဲ့ လုပ်ရပ်ကတော့
အပြစ်မဲ့ပြည်သူလူထုကို ဓားစာခံသဖွယ် ကြားဝင်စေ ခိုင်းခြင်း ပဲဖြစ်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော်ကြီး ထူထောင်နိုင်ဖို့
ဆက်ေ ကြးတွေကောက်၊ ရှိလည်း ပေး၊ မရှိလည်းပေး၊ ရရစားစား တိုင်းရင်းသားတွေကို လယ်ပျောက်၊
နွားပျောက်၊ အိမ်ခြေ၊ တိုင်ခြေ ပျောက် အောင် စီးပွားရေးကို ချုပ်ကိုင်ထားမှုပါပဲ။ လုပ်ငန်းရှင်တွေကို သတိပေးစာအထပ်လိုက်နဲ့ ဆင့်ခေါ်၊
မတရား အတင်းငွေတောင်း၊ မပေးနိုင်ရင် ဖမ်းချုပ် လူသစ်စု၊ ငွေပါရင်ပြန်ရွေး၊ နိုင်ငံခြားဇာတ်လမ်းတွေ ထဲက
ပြန်ပေး သမားတွေ အတိုင်းပါပဲ။ ဒါ့အပြင် စစ်ကြော င့် နေရပ်ဒေသ စွန့်ခွါကြရသူတွေကို
ဒုက္ခသည်လို့ ကင်ပွန်း တပ်၊ လူသားတံတိုင်းတောင် တည်ဆောက်လိုက်ပါသေး တယ်။ KIA ခေါင်းဆောင်ကြီးတွေက
လိုင်ဇာကို မသိမ်းပိုက်နိုင်အောင် ခြံစည်းရိုး ပတ်လည် ဒုက္ခသည် အထပ်ထပ်ကာရံပြီး စံမြန်းနေပါတယ်။
သူတို့ကတော့ ရှေ့တန်းမှာ အခြားတိုင်းရင်းသားတွေ ကိုရှေ့တန်း တင်၊ ဒုက္ခသည်ခြံခတ်၊ တရုတ်ကို အေးအေးလူလူထွက် သွားကြပါပြီ။
အခုတော့လည်း မတိုက်ချင်တိုက်ချင်တိုက်နေရတဲ့
ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တွေနဲ့ ကမ္ဘာက ထောက်ပံ့တဲ့ အထောက်အပံ့တွေကို Percent တွေဖြတ်ပြီး
မ၀ရေစာ၊ မသဒ္ဒ့ါရိက္ခာတွေနဲ့ ဒုက္ခသည်အချို့ပဲ ကျန်ခဲ့ပါတော့တယ်။ ညွှန်ကြားချက်တွေကို ပြည်ပကပေးပြီး
ကျည်ဆံတွေတစ်ဆင့်ခံ ထွက်ခိုင်းနေတဲ့ KIA ခေါင်းဆောင်ကြီးတွေရဲ့
စစ်နည်းဗျူဟာ ကတော့ ပြောင်မြောက်ပါပေတယ်။
ဒါ့အပြင်
KIA ခေါင်းဆောင်ကြီးတွေအနေနဲ့ လူသစ်စုဆောင်းတဲ့နေရာမှာ လူငယ်အမျိုးသားတွေ တင်မကဘဲ တိုင်းရင်းသူ
အမျိုးသမီး ငယ်ငယ်ချောချာလေးတွေကိုပါ ဘေးနားခေါ် ခြေတော်တင်လို့ ရအောင် ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက်
ယောင်္ကျား၊ မိန်းမမရွေး KIA ထံတာဝန်ထမ်းရွက်နိုင် တယ်လို့ ကျြွေးကျော်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအထွေထွေ
ကကွက်အထွေထွေနဲ့ KIA ရဲ့ လုပ်သေနတ် ပြဇာတ်ကြီးကတော့ ကြည့်မယ့်ပရိတ်သတ်ကို အားပြတ်စေပါတယ်။
အခုတော့လည်း KIA ခေါင်းဆောင်ကြီးတွေ
မယားကြီး၊ မယားငယ်အသွယ်သွယ်နဲ့ အသေခံ ကိုယ်ရံတော် အစုဆောင်းခံ တပ်သားသစ်တွေခြံရံပြီး
တရုတ်ပေးစာတွေစားကာ အကြံကြီးထွားလို့ ၀မ်ပေါင် နိုင်ငံတော်ကြီးအိပ်မက်ကို ဒုက္ခသည်ထံက
ဖြတ်လုထားတဲ့ စောင်ထူကြီးခြုံလို့ ဆောင်းတွင်း အိပ်မက်လို ဂယောက်ဂယက် မျှော်လင့်ချက်တွေနဲ့
လိုင်ဇာဟိုတယ်မှာ မက်နေလေရဲ့။။။
ဟေမာနေ၀င်း
သီချင်းလိုပါပဲ…..
အခိုင်မာဆုံးသော ပြည်ထောင်စုတွေ
…..
ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျက်ရှိကြပေ
………..
အယူအဆအမျိုးမျိုး လိုရာဆွဲကာ
……… စစ်ခင်းလျက်ရှိကြပေ …
လူမမယ်ကလေးများ၊ အဖိုးအဖွားနဲ့သားရယ်
မိခင် ရတက်မအေးကြပေ ။။
ဒီအဖြစ်မျိုးတော့မကြုံချင်ဘူးလေ
……..
အခြေအနေအရပ်ရပ်ကို အစဉ်
သုံးသပ်ကြမလေ …
အနာဂတ်အကျိုးအတွက် မျှော်ရည်မှန်းမှန်းကာ
…
ချစ်ခြင်းတရားနဲ့လေ
………….
ပြည်ထောင်စုသားတွေ ……….
မကွဲမပြားနဲ့ နှလုံးသားထဲ သတိမူကြရင် …
ရတက်အေးရလိမ့်မည် ……
မှာ မလွဲကြောင်း ဆုတောင်းဆန္ဒပြုရင်း ……….
သားငယ် (မြစ်ကြီးနား)
No comments:
Post a Comment