အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Blogger Templates

Sunday, March 3, 2013

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆွမ်လွတ်ဂမ် ထံသို့ KIA မှ သေဒဏ်ချမှတ်ခြင်းခံရသော အရာရှိတစ်ဦး၏ ဇနီးမှပေးပို့လာသော အသနားခံတိုင်ကြားစာတစ်စောင် ဖြစ်ပါတယ်။




ယုံကြည်လေးစားရပါသော KIO  ဥက္ကဌကြီးရှင့်
          ကျွန်မနာမည် ခေါနန်မ်ပါရှင်. ကျွန်မမှာ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်ရှိပြီး ရှဒူစွပ်ရွာမှာ မိဘများနဲ့အတူ တောင်ယာအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေပါတယ်ရှင်။ ကျွန်မရဲ့ယောက်ျားကတော့ ကချင်ဒေသကြီး လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်မယ်ဆိုပြီး သူယုံကြည်တဲ့ KIA ထဲကို ဝင်သွားတာ အခုဆိုရင် (၈)နှစ်ကျော်ရှိသွားပါပြီ။ တစ်နှစ်တစ်ခါလောက် ကျွန်မတို့ရွာကို ပြန်လာပြီး သားသမီးတွေနဲ့ ပျော်ပျော်ပါးပါးနေပါတယ်ရှင်။ စစ်ဖြစ်နေတဲ့ကာလအတွင်းမှာတောင် ကျွန်မဆီကို တစ်ခေါက်ရောက်လာပါသေးတယ်။ အဲဒီတုန်းကလည်း ဗမာစစ်တပ်ကို သူ.ဘယ်လိုတိုက်ထုတ်ပစ်မယ့်အကြောင်း၊ KIA ခေါင်းဆောင်ကြီးများကို အရမ်းလေးစား ကြောင်း၊ ယုံကြည်ကြောင်း၊ ငါတို့သားသမီးတွေ လွတ်လပ်ဖို့အတွက် ဆက်ပြီးတိုက်ပွဲဝင်ရအုံးမယ်ဆိုတဲ့ အကြောင်းတွေကိုပဲပြောပြီး သူတပ်ရှိရာ ပန်ဆောင်ယန်ကို ပြန်သွားပါတယ်ရှင်။ အခုကျွန်မနောက်ဆုံး ကြားသိရတာကတော့ ဗမာစစ်တပ်နဲ့ဆက်သွယ်ဖို့ ကြိုးစားတယ်ဆိုတဲ့ ကေအိုင်အေစစ်သား (၄၂)ဦးကို လိုင်စင်ပို့မှာ ဖမ်းထားတယ်လို့သိရပြီး အဲဒီလူတွေအကုန်လုံးကို KIA စစ်ဦးစီးချုပ်က သေဒဏ်ပေးမယ်လို့ပြောခဲ့ကြောင်း ကြားသိနေရပါတယ်ရှင်။ အဖမ်းခံထားရတဲ့ (၄၂)ယောက်ထဲမှာ ကျွန်မယောက်ျား ဇခုန်ချမ်းဘောလည်း ပါတယ်လို့သိရပါတယ်ရှင်။ ကျွန်မယောက်ျားဟာ KIA တပ်ထဲကို စဝင်ပြီးကတဲက တပ်မဟာ(၁)လက်အောက်က ရင်း(၁၁)မှာ တာဝန်ထမ်းဆောင်နေတာ အခုဆိုရင် ဒုဗိုလ်အရာရှိအဆင့်ထိ ရောက်ရှိနေပါပြီရှင်။ တစ်ကြိမ်တစ်ခါမှလည်း KIA အပေါ်မှာ သစ္စာမဲ့တဲ့ အလုပ်မျိုး၊ အပြောအဆိုမျိုးတွေ မမြင်ဘူး၊ မကြားဘူးပါဘူးရှင်။ ဒါကြောင့်မို့ ဒီနေ့ဒီချိန်ထိ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်မယောကျာ်းရဲ့အသက်ကို ကျွန်မနဲ့အတူ ကလေးနှစ်ယောက်ရဲ့မျက်နှာကို ငဲ့ညာသောအားဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်ကြီး လွတ်လပ်ရေးရဖို့အတွက်သော်လည်းကောင်း ထောက်ထားငဲ့ညာပြီး အပြစ်မှလွတ်မြောက်ဖို့ ကယ်တင်ပေးလိုစေကြောင်း တောင်းပန်အပ်ပါတယ်ရှင်။ 


No comments:

Post a Comment