အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Wednesday, January 16, 2013
ကချင်ဒုက္ခသည်များထံ ထောက်ပံ့သည့် ပစ္စည်းများ KIA လက်ဝါးကြီးအုပ်
KIA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်ဦးရေ တစ်နေ့ ထက်တစ်နေ့ ပိုမိုတိုးပွားလျက်ရှိပါတယ်
။ အစိုးရထိန်းချုပ်မှုအောက်မှာ
ရှိနေတဲ့ ကချင်ဒုက္ခသည်တွေ အတွက် နေထိုင် စားသောက်ရေးကို အစိုးရနဲ့စေတနာရှင်တွေက တာဝန်ယူစောင့်ရှောက်နေလို့ စိုးရိမ်ပူပန်စရာ မလိုပေမယ့် KIA ထိန်းချုပ်မှုအောက်မှာရှိနေ
တဲ့ ကချင်ဒုက္ခသည်စခန်း(၇)ခုက လူတွေကတော့ KIA ရဲ့ အနိုင်ကျင့်တာကို ခံနေကြ ရပါတယ်။
ကချင်စစ်ဘေးဒုက္ခသည်တွေအတွက်
နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက စေတနာ ရှင်တွေ ထောက်ပံ့ထားတဲ့ စားနပ်ရိက္ခာနဲ့ပစ္စည်းတွေကို
KIA က ဒုက္ခသည်တွေဆီကို အကုန်မပေးပဲ KIA တပ်ဖွဲ့ အတွက် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေမှာ ကချင်လူမျိုးတွေ အများစုဖြစ်နေ ပေမယ့် KIA ကတော့ ကချင်လူမျိုးအချင်းချင်းအပေ
ါ်မှာ သနားညှာတာစိတ်ကင်းမဲ့စွာ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး ဒုက္ခသည်တွေအပေါ် ဗိုလ်ကျအနိုင်ကျင့်နေတာကို ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဒွဲပီဆာကလည်း သိသိကြီးနဲ့ မလွန်ဆန်နိုင်ဘဲ KIA ခေါင်းဆောင်ကြီးများရဲ့ အလိုအတိုင်း ဆောင်ရွက်ပေးနေရတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပြပါတယ်။
ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဒေသခံအများစုကတော့ အစိုးရနဲ့ KIA ငြိမ်းချမ်းရေးဆွေးနွေးပွဲေ
တွလုပ်ပြီး စစ်တိုက်တာတွေ ရပ်ဆိုင်းစေချင်နေပါတယ်။ စစ်ပွဲတွေမရှိဘဲ ကိုယ့်ဒေသကိုယ်ပြန်ပြီး စားဝတ်နေရေးအတွက် အလုပ်တွေလုပ်ချင်နေကြပါတယ်။
KIA အဖွဲ့အနေနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ခွင့်ပေးလိုက်ရင် ဌာနချုပ် အတွက်ထားရှိတဲ့ လူသားတံတိုင်းစီမံချက် ပျက်သွားမှာစိုးလို့ ပြန်ခွင့်လဲမပေးပါဘူး။ ဒုက္ခသည်တွေမရှိရင် သူတို့အတွက်ရထားတဲ့ ထောက်ပံ့မှုတွေ မရမှာကိုလဲ KIA ခေါင်းဆောင်တွေကစိုးရိမ်နေတ
ယ်လို့ သိရပါတယ်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment