အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Blogger Templates

Monday, February 25, 2013

KIA ငြိမ်းချမ်းရေး တကယ်လိုလားရင် နားလည်မှုရှိရန် လိုအပ်

Photo: KIA ငြိမ်းချမ်းရေး တကယ်လိုလားရင် နားလည်မှုရှိရန် လိုအပ်

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

            ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆  ရက် နောက်ပိုင်း စစ်တပ်နဲ့ KIA ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်ဆိုင်း သွားပြီး တိုက်ပွဲဖြစ်သံတွေ မကြား ရတော့လို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုကြား ၀မ်းသာ ကြည်နူး ပီတိ ဖြစ်သံတွေ ကြားသိနေရပါသည်။ “ အခုရက်ပိုင်း ကျွန်တော်တို့ နားမှာ တိုက်ပွဲမဖြစ်တော့ဘူး၊ လောလောဆယ် ပစ်ခတ် တာတွေမလုပ်ဖို့ အထက် ကပြောထားတယ်၊ စစ်တပ်က သွားလာနေ တာတော့ နေ့တိုင်းတွေ့နေရတယ် ” လို့ လိုင်ဇာအ၀င်ဂိတ် မှာ တာဝန်ကျတဲ့ KIA အရာရှိနှစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောပြခဲ့ပါသည်။

         ဒီလို ငြိမ်သက်နေရာကနေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ချီဖွေမြို့ နယ်၊ လောခေါင်အနီးမှာ ဆော့လော်ကို ရိက္ခာသွားပိုတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို KIA အင်အား (၂၀) ခန့်မှာ စောင့်ကြိုပစ်ခတ်ခဲ့ ကြောင်း သိရပါသည်။ ဒီအပစ်ခံရတဲ့ ပြည်သူ့စစ်တွေကို သွားခေါ်ဖို့ လောခေါင်ကို ချီတက်လာတဲ့ စစ်တပ်က စစ်ကြောင်းတစ်ကြောင်း ကို နေ့လယ်ပိုင်းလောက် က လောခေါင်ကိုချီတက်လာတဲ့ စစ်တပ်က စစ်ကြောင်းတစ် ကြောင်း ကို နေ့လည်ပိုင်းလောက်က လောခေါင်ရဲစခန်းကုန်းဟောင်းနားမှာ KIA ၁၅ ယောက်လောက်က ၀ိုင်းပစ်လို့ စစ်တပ်က ၃ ယောက် ဒဏ်ရာရ သွားကြောင်း သိရပါသည်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာကို ဆက်သွယ် ကြည့်ရာမှာ “ ကျွန်တော်တို့ ရိက္ခာပို့တာဘဲရှိတယ်၊ ဘာမှမလုပ် ဘူး၊ အထက်ကလည်း ပစ်တာ ခတ်တာတွေမလုပ်ခိုင်းဘူး ၊ ဒါပေမဲ့ အခု ကျွန်တော်တို့အပစ်ခံရလို့ ရဲဘော် ၃ ယောက် ဒဏ်ရာရသွားပြီ၊ KIA က အပစ်အခတ်ရပ်တယ်ပြောလိုက် ချောင်းပစ်လိုက်နဲ့ ခံရပေါင်းများနေပြီ၊ ခဏ ခဏ ဆိုရင်တော့ ကျွန်တော် တို့ သည်းခံတော့မှာ မဟုတ်ဘူး” ဟု စစ်တပ်အသိုင်းအ၀ိုင်းကနှင့်နီးစပ်သူများ၏ပြောပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment