ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
ဝိုင်းမော်မြို့နယ် ၀ါရှာင်ရွာမှ KIO မြို့နယ်မှူးသည် ပတ်ဝန်းကျင် အနီးတွင် ဆက်ကြေးများ ကောက်ခံ ကာ ရိက္ခာများကို စုဆောင်းလျက် ရှိကြောင်း သိရှိရပါသည်။ KIO ၀ါရှောင် အုပ်ချုပ်ရေးမှူးသည် KIA တပ်ဖွဲ့ဝင် များအတွက် ဆန်အိတ် ၅၀၀ ကျော်စုဆောင်းနေကြောင်း၊ ထပ်မံစုဆောင်းရန် အတွက် ဗဟိုသို့ အကြောင်းကြား ထားကြောင်း အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရပါသည်။ အစိုးရတပ်က ငြိမ်းချမ်းရေး လုပ်ဆောင် နေသည် ကို အခွင့်ကောင်းယူပြီး အခုလို ရိက္ခာတွေစုဆောင်းခြင်း၊ လူသစ် စုဆောင်းခြင်း ကိုလည်း ဆက်လက် ဆောင်ရွက်နေသည့်အတွက် KIA ဘက်မှ တိုက်ပွဲများ ပြန်လည်စတင်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိ ကြကြောင်း ၀ါရှောင်ဒေသခံတစ်ဦးမှ ပြောကြားချက်အရသိရှိရပါသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် KIA နှင့် အစိုးရတို့ တရုတ်နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပြီးချိန်မှ စတင်ပြီး တိုက်ပွဲသံတွေ တိတ်ဆိတ်နေ ၍ ဒေသခံတွေက ပျော်ရွှင်နေကြသော်လည်း၊ KIA မှ တိုက်ပွဲများ ရပ်တန့်နေသည့်အချိန်တွင် အခုလိုလူသစ်စု၊ ရိက္ခာတွေ စုနေသောကြောင့် နောက်ထပ် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် စတင်နိုင်ကြောင်းပြောဆိုနေကြသော်လည်း ဒေသခံများမှ ငြိမ်းချမ်းရေးကို လိုလားပြီး အေးချမ်းစွာလုပ်ကိုင်စားသောက် လိုကြကြောင်းသိရှိရပါသည်။
No comments:
Post a Comment