ကေအိုင်အေ တပ်မဟာ(၁) ရင်း၂၂ မှ တပ်သားတစ်ဦး
အစိုးရတပ်ဆီသို့ ၎င်းကိုင်ဆောင်သော သေနတ်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အလင်းဝင်လာသော ကေအိုင်အေ တပ်သားမှာ အသက်(၁၉)နှစ်ရှိပြီး ဗန်းမော်မြို့ လက်ပန်တန်းရွာမှဖြစ်ကြောင်း၊ တောင်ယာလုပ် နေစဉ်အတွင်း ကေအိုင်အေ၏ လူသစ်စုခြင်း
ခံရပြီး ကေအိုင်အေ စစ်သားဖြစ်ခဲ့ ရကြောင်း၊ ကေအိုင်အေတွင် တာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်လုံး
တိုက်ပွဲများကိုသာတိုက်ခဲ့ရပြီး ရိက္ခာများအပြည့်အ၀ မပေးခြင်း၊ ကချင်လူမျိုး အချင်းချင်းသတ်ဖို့စေခိုင်းခြင်း တို့ကြောင့်
ယခုလိုထွက်ပြေးခဲ့ရသည်ဟု ၎င်းကပြောဆို ပါသည်။ အလင်းဝင်
ကေအိုင်အေ တပ်သားအား အစိုး ရ တပ်စခန်းတွင် နွေးထွေးစွာကြိုဆို စောင့်ရှောက် ထား ကြောင်းသိရှိရပါသည်။
No comments:
Post a Comment