အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Wednesday, January 16, 2013
ဝိုင်းမော်မှ ဆဒုံးကားလမ်းတွင် KIA မှ အခွန်ကောက်တာလား…. ? ဓါးပြတိုက်တာလား … ?
ဝိုင်းမော်မှ ဆဒုံးသို့ သွားသော လမ်းပေါ်တွင် သွားလာနေသော ဆိုင်ကယ်နှင့် ကားများကို KIA မှ ဓါးပြတိုက် သည့်ပုံစံနှင့် အခွန်ကောက် ခံခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နံနက် ၉ နာရီခွဲခန့်၌ ဝေါ်ဆက်ယန်နှင့် သွမ်တော င်ကြားတွင် KIA အဖွဲ့မှ ဖြတ်သန်းသွား လာ နေသော ခရီးသည်တင်ယာဉ်များနှင့် ဆိုင်ကယ်များအား ရပ်တန့်စေပြီး အခွန်ေ ကာက်ခံခြင်း၊ စစ်ဆေးခြင်း၊ ပစ္စည်းများကို အဓမ္မ ဖျက်ဆီး လုယက်ခြင်း များ ပြုလုပ် ပါသည်။ ယာဉ်ပေါ်တွင် ပါလာသော ခရီးသည်များကို တရာခံလို စစ်ဆေး ရိုက်နှက် မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပစ္စည်းများကို ရှာဖွေပြီး လိုချင်တာတွေကို ယူဆောင်သွား ကြောင်း သိရပါသည်။
လူနှင်ပစ္စည်းများ ၄င်းတို့စိတ်ကြိုက်ရှာဖွေပြီး ကားသမားဆီက အခွန်ငွေတွေ တောင်းယူသွားပါသည်။ ကားကြီးကို (၁) သိန်း၊ ယာဉ်ငယ်ကို (၅) သောင်း၊ ဆိုင်ကယ်ကို (၁)သောင်းနှုန်းနဲ့ ကောက်ခံပါသည်။ KIA လုပ်တာက အခွန်ကောက်တာ နဲ့မတူဘဲ သေနတ်တွေနဲ့ချိန်ပြီး ဟိန်းဟောက်တာ၊ လိုချင်တဲ့ ပစ္စည်းကိုယူ၊ ငွေကို လည်းအတင်းလုယူနေတာဟာ ဓါးပြ တိုက်နေပုံဖြစ်နေသည်ဟု ခရီးသည်တစ်ဦးက ပြောဆိုခဲ့ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment