အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Blogger Templates

Wednesday, January 16, 2013

ကေအိုင်အေမှစစ်အသုံးစရိတ်အတွက် တရုတ်ကိုသစ်များအများအပြားရောင်း


ကေအိုင်အေမှ အစိုးရတပ်နှင့် စစ်ပွဲတွေဖြစ်ပွားနေပြီး စစ်အသုံးစရိတ်ကာမိစေရန်အတွက် သစ်များကို အများ အပြား တရုတ်ကုန်သည်တွေကို ထုတ်ယူရောင်းချနေကြောင်းသိရှိရပါသည်။ မန်စီမြို့ ပတ်ဝန်းကျင် အနီး ရှိကျေးရွာများတွင် သစ်များကို တရုတ်ကုမ္ပဏီများနှင့်ခုတ်ယူပြီး တစ်နေ့ကို ကားအစီး ၂၀ကျော် ၃၀ ကို နမ့် ၀မ်းချောင်းအားဖြတ်ကူးပြီး တရုတ် နိုင်ငံ နောင်တောင်းသို့ ပို့ဆောင်နေပါသည်။ စစ်ပွဲတွေဖြစ်ပွားနေမှုပေါ် အခွင့်ကောင်းယူပြီး ကေအိုင်အေက တရုတ်သို့ သစ်တွေနဲ့ အခြားသယံဇာတပစ္စည်းတွေကို အများအပြား ထုတ် ယူရောင်းချလျက်ရှိသည်။


ကချင်လူမျိုးတွေသစ်ထုတ်သည့် အခါ တရုတ်တွေဆီက ခွင့်ပြုချက်ရမှ သစ် ထုတ်ခွင့်ရှိပြီး တရုတ်ခွင့်ပြု ချက်မရဘဲ သစ်ထုတ်သူတွေကို တပ်သားသစ်အဖြစ် စုဆောင်းမယ်လို့ အမိန့် ထုတ်ထားကြောင်း သစ်ကားတွေ ကိုလည်း တစ်စီးကို ၂သောင်းပေးရကြောင်းသိရှိရသည်။

ကေအိုင်အေက တရုတ်ကို ကချင်ပြည်နယ်မှ ပစ္စည်းတွေကိုရောင်းကာ ကချင်ပြည်နယ်ဖွံ့ဖြိုးရေး မလုပ်ဘဲ ကချင်လူမျိုးတွေကိုသတ်ဖို့၊ ကချင်ပြည်နယ်ကလမ်းတွေတံတားတွေကို မိုင်းခွဲဖို့ ပစ္စည်းလဲလှယ် နေ သလိုဖြစ်နေ ပါသည်။ စစ်ပွဲတွေဖြစ်နေတာတောင် သစ်တွေထုတ်ရောင်းကာ ကချင်ရှိသယံဇာတတွေ တရုတ်ကိုပေး၊ စစ်ပွဲကို အခွင့်ကောင်းယူ ကချင်တွေကိုနှိပ်စက်ပြီး ကချင်ပြည်ကို တရုတ်၏လက်အောက်ခံ နယ်မြေ အဖြစ် ကေ အိုင်အေ ခေါင်းဆောင်တွေက လုပ်ဆောင်နေသည်ဟု မန်စီက လူတွေကဆိုပါသည်။

No comments:

Post a Comment