ဒါဆို မကြုံစဖူး မီဒီယာ ပေါင်းစုံ
လိုင်ဇာ ရောက်နေရခြင်း အကြောင်းဟာ ဒီနေ့ လိုင်ဇာကို ပစ်တယ် ဆို တာနဲ့
ဆက်စပ်နေမလား။ တစ်ခုမှလည်း မပီပြင်ဘူး။ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး
တရားဝင် ရှင်းလင်း ချက်က ဒီလိုဆိုရင်တော့ ဒါဟာ ကေအိုင်အေတို့ရဲ့
လုပ်ဇာတ်ကြီးသာ ဖြစ်ပေတော့မည်။
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောကြားချက်
--------------------------------------------
ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မနက် ၈
နာရီကျော်မှာ တပ်မတော်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ လိုင်ဇာမြို့ မှာ
အရပ်သားများထိခိုက်သေဆုံးမှု ရှိတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက် ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊
အဲဒီဒေသဘက်ကို လေယာဉ်၊
ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ စုံစမ်း သိရှိရ ပါတယ်။ ဒါ့ကြောင့်
ဒီပေါက်ကွဲမှုဟာ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ
တည်ပြုချက်များရရှိဖို့လိုပါတယ်။
ကေအိုင်အေ စစ်သား
ပတ်လည်ဝိုင်းနေသော နေရာသည့် တိုက်ပွဲ ဧရိယာ ဖြစ်သည်။မိုင်းတစ်ခါခွဲလျှင်
လက်နက်ကြီး တစ်ချက် အပစ်ခံရမည်ဟု သတိပေးပြီး ဖြစ်သည်။ ဘယ်အတွက်ကြောင့်
မိုင်းခွဲရသလဲ။ ထိုမိုင်းခွဲမှုကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေနိုင်သည်ကို
မသိသဖြင့် ထိုသို့ လုပ်သလား။ တုံးလုံး ပလက် ရထားပျက်ကြီး ဓာတ်ပုံကို
အရင်ကြည့်လိုက်ပါ။ ပြီးရင်တော့ စနစ်တ ကျ သေဆုံး ဒဏ်ရာရ သူတွေ ကို စုပြီး
မီဒီယာများ ပေါင်းပြီး ဓာတ်ပုံရိုက်ကြပုံကို လေ့လာပါ။ ၁၀၅ မမ အမြောက်ဖြစ်
အပစ်ခံရ သည့် နေရာတွင် မြေကြီး တစ်ချက်မဖွာ၊ လူများမှာလည်း ပုံမပျက်၊ ထိုထက်
ပိုပြီး ကြည့်လိုလျှင် ယနေ့ ပို့စ် များ မှ ပုံများကို ကြည့်ပါ။
No comments:
Post a Comment