လွှတ်တော်အတွင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ စုံလင်စွာ ရောက်ရှိနေချိန်တွင် ကချင်ပြည် နယ် အတွင်း စစ်ရေး အရှိန်များ တိုးမြှင့်လုပ်ဆောင်သွားရန်နှင့်
မိုင်းထောင်ဗုံးခွဲမှု များ၊ မြို့ တွင်း ၀င်ရောက် စီးနင်းမှုများ
ပြုလုပ်သွားရန် ကေအိုင်အေ ခေါင်း ဆောင် များမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ဒီသတင်း ရတာ တစ်ပတ်လောက် ရှိပြီ။ အစပိုင်း
ကျွန်တော်တို့ကြားတာက မံစီ၊လွယ်ဂျယ်၊ ဒေါ့ဖုန်း ယန် က ရဲစခန်းနဲ့
အုပ်ချုပ်ရေးရုံးတွေကို ၀င်စီးမယ်။ ရထားလမ်းတွေကို မိုင်းခွဲမယ် ဆိုပြီးကြား
တယ်။ သတင်းရရခြင်းပဲ တပ်မတော် စစ်ကြောင်းတွေကို ကျွန်တော်တို့ လှမ်းသတိပေး
လိုက်ပါတယ်။ မနေ့ ကတော့ ဖားကန့် နဲ့ ကာမိုင်း ဘက်တွေရော၊ မြစ်ကြီးနား အထိ
ဖောက်ခွဲမှုတွေ လုပ်ဖို့ ညွှန်ကြားချက် ထုတ် လိုက် တယ် လို့ ကျွန်တော်တို့
သိရတယ်။ ဒီကာလကတော့ အရမ်းဂရုစိုက်ရတော့မယ် ဆိုပြီး သတင်း ရင်းမြစ် က
ဆိုခဲ့ပါတယ်။
ကေအိုင်အေ အဖွဲ့အနေဖြင့် ကမ္ဘာအနှံ့ရှိ သံရုံးများ
ရှေ့တွင် ဆန္ဒပြခြင်းများ ပြုလုပ်လျှက်ရှိပြီး တစ်ချိန် တည်း မှာ ပဲ လက်ကျန်
အင်အား အကုန်စု၍ ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် တိုက်စစ် ဆင်လျှက်
ရှိသည် ဟုလည်း သိရပါသည်။