မြစ်ကြီးနား။
ကျွန်တော်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ အတူနေခဲ့ရတော့
ညအိပ်ရာဝင်ချိန်ဆိုရင် အဘိုးနဲ့အဘွားက တစ်လှည့်စီ ပုံပြင်တစ်ပုဒ်စီပြောပြပြီး အိပ်စက်ခဲ့ရပါတယ်။
အဲဒီထဲမှာ ရယ်စရာတွေ၊ ဝမ်းနည်းစရာတွေပါသလို မိဘနဲ့ လူကြီးသူမတွေကို ဘယ်လိုစောင့်ရှောက်ရမယ်.
အမျိုးဂုဏ်ဇာတိဂုဏ်ကို ဘယ်လိုစောင့်ထိမ်းရမယ်.စတဲ့ မှတ်သားစရာတွေလဲ အများကြီးကြားသိခဲ့ရပါတယ်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ ကိုယ့်အမျိုးအနွယ်ကို
စောင့်ရှောက်ရမယ်ဆိုတဲ့ပုံပြင်တွေထဲမှာ ကျွန်တော် အမှတ်ရဆုံးကတော့ ဟင်္သားကိုးသောင်းပုံပြင်ပါပဲ။
တစ်နေ့မှာပေါ့. မျိုးနွယ်စုတူတဲ့ ဟင်္သာကိုးသောင်း ဟာ ကျောက်ဂူကြီးတစ်ခုထဲမှာ ပင့်ကူကြီးတစ်ကောင်ရဲ့
အပေါက်ဝကနေပိတ်ဆို့ထားခြင်းကို ခံနေရ ပါတယ်။ ဂူထဲကနေ ထွက်သွားရင်၊ ထွက်မိရင် အဲဒီပင့်ကူကြီးရဲ့
ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဟင်္သာတွေဟာ ဘယ်မှထွက်သွားလို့မရဘဲ
ဂူထဲမှာပဲ ပိတ်မိနေပါတော့တယ်။ အစာလည်း ငတ်. ရေလည်း ငတ်ပေါ့၊ ပထမတော့ သူတို့တွေ ရနိုင်သလောက်
တောင့်ခံပြီးနေကြတာပေါ့၊ ဒါပေမယ့် အချိန်တွေကြာလာတော့ စောင့်စည်းသည်းခံနိုင်ခြင်းမရှိတော့ဘဲ
အမျိုးဖျက်မယ့် ဟင်္သာတွေပေါ် လာတာပေါ့။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်အမျိုးအချင်းချင်းကို
သတ်ဖြတ်စားသောက် တော့တာပါပဲ။ ဒါနဲ့ပဲ အချိန်တွေကြာလာတာနဲ့အမျှ ဂူထဲမှာရှိနေတဲ့ ဟင်္သာကိုးသောင်းဟာ
ဘယ်သူဘယ့်သူရဲ့ သတ်ဖြတ် ချင်းကိုမှမခံရဘဲ ကိုယ့်အမျိုးကိုယ် ပြန်လည်သတ်ဖြတ်ရင်းနဲ့ပဲ
အကုန်လုံးသေကြေပျက်ဆီးပြီး အမျိုး တုန်းပျောက်ကွယ်သွားခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ်။