အမှန်တရားများနှင့်အတူ ပေါက်ဖွားလာသော ပွင့်ထွက်စကားသံများ
Blogger Templates
Tuesday, February 26, 2013
KIA ရဲ့ ဟင်္သာကိုးသောင်းဇာတ်လမ်း
မြစ်ကြီးနား။
          ကျွန်တော်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ အတူနေခဲ့ရတော့ ညအိပ်ရာဝင်ချိန်ဆိုရင် အဘိုးနဲ့အဘွားက တစ်လှည့်စီ ပုံပြင်တစ်ပုဒ်စီပြောပြပြီး အိပ်စက်ခဲ့ရပါတယ်။ အဲဒီထဲမှာ ရယ်စရာတွေ၊ ဝမ်းနည်းစရာတွေပါသလို မိဘနဲ့ လူကြီးသူမတွေကို ဘယ်လိုစောင့်ရှောက်ရမယ်. အမျိုးဂုဏ်ဇာတိဂုဏ်ကို ဘယ်လိုစောင့်ထိမ်းရမယ်.စတဲ့ မှတ်သားစရာတွေလဲ အများကြီးကြားသိခဲ့ရပါတယ်။
          အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ရမယ်ဆိုတဲ့ပုံပြင်တွေထဲမှာ ကျွန်တော် အမှတ်ရဆုံးကတော့ ဟင်္သားကိုးသောင်းပုံပြင်ပါပဲ။ တစ်နေ့မှာပေါ့. မျိုးနွယ်စုတူတဲ့ ဟင်္သာကိုးသောင်း ဟာ ကျောက်ဂူကြီးတစ်ခုထဲမှာ ပင့်ကူကြီးတစ်ကောင်ရဲ့ အပေါက်ဝကနေပိတ်ဆို့ထားခြင်းကို ခံနေရ ပါတယ်။ ဂူထဲကနေ ထွက်သွားရင်၊ ထွက်မိရင် အဲဒီပင့်ကူကြီးရဲ့ ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဟင်္သာတွေဟာ ဘယ်မှထွက်သွားလို့မရဘဲ ဂူထဲမှာပဲ ပိတ်မိနေပါတော့တယ်။ အစာလည်း ငတ်. ရေလည်း ငတ်ပေါ့၊ ပထမတော့ သူတို့တွေ ရနိုင်သလောက် တောင့်ခံပြီးနေကြတာပေါ့၊ ဒါပေမယ့် အချိန်တွေကြာလာတော့ စောင့်စည်းသည်းခံနိုင်ခြင်းမရှိတော့ဘဲ အမျိုးဖျက်မယ့် ဟင်္သာတွေပေါ် လာတာပေါ့။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်အမျိုးအချင်းချင်းကို သတ်ဖြတ်စားသောက် တော့တာပါပဲ။ ဒါနဲ့ပဲ အချိန်တွေကြာလာတာနဲ့အမျှ ဂူထဲမှာရှိနေတဲ့ ဟင်္သာကိုးသောင်းဟာ ဘယ်သူဘယ့်သူရဲ့ သတ်ဖြတ် ချင်းကိုမှမခံရဘဲ ကိုယ့်အမျိုးကိုယ် ပြန်လည်သတ်ဖြတ်ရင်းနဲ့ပဲ အကုန်လုံးသေကြေပျက်ဆီးပြီး အမျိုး တုန်းပျောက်ကွယ်သွားခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ်။
Monday, February 25, 2013
KIA အဖွဲ့မှ တပ်သားသစ်စုဆောင်းခြင်းအား စီးပွားရေးလုပ်ငန်းတစ်ခု သဖွယ်လုပ်ဆောင်နေ
Photo: KIA အဖွဲ့မှ တပ်သားသစ်စုဆောင်းခြင်းအား စီးပွားရေးလုပ်ငန်းတစ်ခု သဖွယ်လုပ်ဆောင်နေ
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
	KIA အဖွဲ့များသည် မြို့ရွာများတွင် တပ်သားသစ်များကို စုဆောင်းမှုများကို လုပ်ဆောင်၍ ငွေကြေးများ ယူကာ ပြန်လည်လွှတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ KIA နှင့် အစိုးရ တို့သည် ယခုလအစောပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်နေခဲ့သော်လည်း KIA အဖွဲ့များက လူသစ်စုဆောင်းမှုများကို ပြုလုပ်နေခဲ့ကြပါသည်။ ဗဟိုမှ လူသစ်စုဆောင်းမှု မပြုစေရန်အတွက် ညွှန်ကြားချက်များ ထုတ်ထားခဲ့ သော်လည်း	KIA အောက်ခြေ တပ်ရင်းများ အနေဖြင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် ဒေသခံများကို လူသစ်စုဆောင်းပြီး ငွေကြေးဖြင့် လာရောက် ခေါ်ယူခိုင်းကာ ပြန်ပေးဆွဲသည့် အနေအထားမျိုးဖြင့် လုပ်ဆောင်နေကြသည်ဟု ၎င်းဒေသခံများမှ ပြောဆိုခဲ့ ပါသည်။
 ဗဟိုမှ ထောက်ပံ့မှုနည်းသဖြင့် အောက်ခြေငယ်သားများကို ထောက်ပံ့ပေးနိုင်ရန်အတွက် ပြန်ပေးဆွဲ သည့် ပုံဖြင့် ငွေကြေးများကိုရယူနေရကြကြောင်း၊ ဗဟိုမှ လူသစ်စု ဆောင်းခြင်းကို ပြုလုပ်ပြီးငွေကြေး တောင်းခံ မှုများ မပြုလုပ်ရန်၊ ပြုလုပ်ပါက အရေးယူမည်ကို ညွှန်ကြားထား သော်လည်း KIA တပ်ရင်းမှူးများက တပ်သား သစ် စုဆောင်းမှုကို စီးပွားရေးလုပ်ငန်းတစ်ခုလို လုပ်ဆောင် နေကြသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆိုခဲ့ ပါသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
KIA အဖွဲ့များသည် မြို့ရွာများတွင် တပ်သားသစ်များကို စုဆောင်းမှုများကို လုပ်ဆောင်၍ ငွေကြေးများ ယူကာ ပြန်လည်လွှတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ KIA နှင့် အစိုးရ တို့သည် ယခုလအစောပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်နေခဲ့သော်လည်း KIA အဖွဲ့များက လူသစ်စုဆောင်းမှုများကို ပြုလုပ်နေခဲ့ကြပါသည်။
KIA နယ်မြေအတွင်း တရားမ၀င် တရုတ်နိုင်ငံသား ၁၀၀ကျော် ရွှေလုပ်ငန်း များလုပ်ကိုင်
Photo: KIA နယ်မြေအတွင်း တရားမ၀င် တရုတ်နိုင်ငံသား ၁၀၀ကျော် ရွှေလုပ်ငန်း များလုပ်ကိုင်
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
	KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲသံများရပ်သွားခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ရွှေလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော်မှ KIA ကို အခွန်ပေးဆောင်၍ KIA နယ်မြေအတွင်းတွင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ်တွေက ဘက်ဖိုးယာဉ် ၂၀ ကျော်၊ မြေသယ်ယာဉ် ၂၀ ကျော်နှင့် အင်ဂွန်လ ဘက်မှ ၀င်လာပြီး  ရွှေလုပ်ငန်းလုပ်များကို စက်ဆိုင်းကြီးများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း အခုလိုလုပ်ကိုင်ဖို့ အတွက် အင်ဂွန်လမှာရှိသည့် KIAများကို ငွေကျပ်သိန်း ၅၀၀၀ ပေးဆောင် ရကြောင်း၊ KIA မှလုံခြုံရေးများကို ယူထားပေးရကြောင်း တပ်ဖွဲ့ဝင်တစ်ဦး မှပြောကြားခဲ့ပါသည်။
	တရုတ်များက စက်ကြီးများဖြင့် ရွှေများကို ထုတ်ယူနေပြီး စက်ဆိုင်း ၁ဆိုင်းကို တရုတ်နိုင်ငံသား ၈ဦးခန့် ပါဝင်ကြောင်း၊ KIA ကို ငွေကြေး အမြောက်အမြား ပေးဆောင်နေရသော်လည်း ၎င်းတို့က စက်ကြီးများဖြင့် ရွှေ များကိုထုတ်ယူနေသည့်အတွက် အမြတ်များစွာ ရရှိကြောင်း၊ စက်ကြီးတွေဖြင့် အဆမတန် ထုတ်ယူနေသည့် အတွက် ရွှေ ကျင်သည့် ပတ်ဝန်းကျင်တွင် ပျက်ဆီးမှုများစွာရှိနေကြောင်း၊ ရရှိသောအခွန်ငွေများကို KIA လူကြီးများကရရှိနေပြီး ငယ်သားများအတွက် ထောက်ပံ့ပေးမှုမရှိ၊ ကချင်ပြည်နယ် ကောင်းစားရန်အတွက် လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ဆောင်နေသည့်အတွက် အခုလို တရုတ်များ၏ ရွှေလုပ်ငန်း လုပ်ဆောင်နေမှုမှာ ကချင်ပြည်နယ် အတွက် အကျိုးမရှိဘဲ ပျက်စီးဆုံးရှုံးမှု သာဖြစ်ပေါ်စေသည်ဟု ဒေသခံများက ပြောဆို နေကြပါသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲသံများရပ်သွားခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ရွှေလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော်မှ KIA ကို အခွန်ပေးဆောင်၍ KIA နယ်မြေအတွင်းတွင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ်တွေက ဘက်ဖိုးယာဉ် ၂၀ ကျော်၊ မြေသယ်ယာဉ် ၂၀ ကျော်နှင့် အင်ဂွန်လ ဘက်မှ ၀င်လာပြီး ရွှေလုပ်ငန်းလုပ်များကို စက်ဆိုင်းကြီးများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း အခုလိုလုပ်ကိုင်ဖို့ အတွက် အင်ဂွန်လမှာရှိသည့် KIAများကို ငွေကျပ်သိန်း ၅၀၀၀ ပေးဆောင် ရကြောင်း၊ KIA မှလုံခြုံရေးများကို ယူထားပေးရကြောင်း တပ်ဖွဲ့ဝင်တစ်ဦး မှပြောကြားခဲ့ပါသည်။
KIA မှ ၀ါရှောင်တွင် ရိက္ခာများ စုဆောင်းလျက်ရှိနေ
Photo: KIA မှ ၀ါရှောင်တွင် ရိက္ခာများ စုဆောင်းလျက်ရှိနေ
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
	ဖေဖော်ဝါရီလဆန်းပိုင်းတွင် KIA နှင့် အစိုးရတို့ တရုတ်နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပြီးချိန်မှ စတင်ပြီး တိုက်ပွဲသံတွေ တိတ်ဆိတ်နေ ၍ ဒေသခံတွေက ပျော်ရွှင်နေကြသော်လည်း၊ KIA မှ တိုက်ပွဲများ ရပ်တန့်နေသည့်အချိန်တွင် အခုလိုလူသစ်စု၊ ရိက္ခာတွေ စုနေသောကြောင့် နောက်ထပ် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် စတင်နိုင်ကြောင်းပြောဆိုနေကြသော်လည်း ဒေသခံများမှ ငြိမ်းချမ်းရေးကို လိုလားပြီး အေးချမ်းစွာလုပ်ကိုင်စားသောက် လိုကြကြောင်းသိရှိရပါသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
ဝိုင်းမော်မြို့နယ် ၀ါရှာင်ရွာမှ KIO မြို့နယ်မှူးသည် ပတ်ဝန်းကျင် အနီးတွင် ဆက်ကြေးများ ကောက်ခံ ကာ ရိက္ခာများကို စုဆောင်းလျက် ရှိကြောင်း သိရှိရပါသည်။ KIO ၀ါရှောင် အုပ်ချုပ်ရေးမှူးသည် KIA တပ်ဖွဲ့ဝင် များအတွက် ဆန်အိတ် ၅၀၀ ကျော်စုဆောင်းနေကြောင်း၊ ထပ်မံစုဆောင်းရန် အတွက် ဗဟိုသို့ အကြောင်းကြား ထားကြောင်း အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရပါသည်။
KIA ငြိမ်းချမ်းရေး တကယ်လိုလားရင် နားလည်မှုရှိရန် လိုအပ်
Photo: KIA ငြိမ်းချမ်းရေး တကယ်လိုလားရင် နားလည်မှုရှိရန် လိုအပ်
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
            ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆  ရက် နောက်ပိုင်း စစ်တပ်နဲ့ KIA ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်ဆိုင်း သွားပြီး တိုက်ပွဲဖြစ်သံတွေ မကြား ရတော့လို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုကြား ၀မ်းသာ ကြည်နူး ပီတိ ဖြစ်သံတွေ ကြားသိနေရပါသည်။ “ အခုရက်ပိုင်း ကျွန်တော်တို့ နားမှာ တိုက်ပွဲမဖြစ်တော့ဘူး၊ လောလောဆယ် ပစ်ခတ် တာတွေမလုပ်ဖို့ အထက် ကပြောထားတယ်၊ စစ်တပ်က သွားလာနေ တာတော့ နေ့တိုင်းတွေ့နေရတယ် ” လို့ လိုင်ဇာအ၀င်ဂိတ် မှာ တာဝန်ကျတဲ့ KIA အရာရှိနှစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောပြခဲ့ပါသည်။
         ဒီလို ငြိမ်သက်နေရာကနေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ချီဖွေမြို့ နယ်၊ လောခေါင်အနီးမှာ ဆော့လော်ကို ရိက္ခာသွားပိုတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို KIA အင်အား (၂၀) ခန့်မှာ စောင့်ကြိုပစ်ခတ်ခဲ့ ကြောင်း သိရပါသည်။ ဒီအပစ်ခံရတဲ့ ပြည်သူ့စစ်တွေကို သွားခေါ်ဖို့ လောခေါင်ကို ချီတက်လာတဲ့ စစ်တပ်က စစ်ကြောင်းတစ်ကြောင်း ကို နေ့လယ်ပိုင်းလောက် က လောခေါင်ကိုချီတက်လာတဲ့ စစ်တပ်က စစ်ကြောင်းတစ် ကြောင်း ကို နေ့လည်ပိုင်းလောက်က လောခေါင်ရဲစခန်းကုန်းဟောင်းနားမှာ KIA ၁၅ ယောက်လောက်က ၀ိုင်းပစ်လို့ စစ်တပ်က ၃ ယောက် ဒဏ်ရာရ သွားကြောင်း သိရပါသည်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာကို ဆက်သွယ် ကြည့်ရာမှာ “ ကျွန်တော်တို့ ရိက္ခာပို့တာဘဲရှိတယ်၊ ဘာမှမလုပ် ဘူး၊ အထက်ကလည်း ပစ်တာ ခတ်တာတွေမလုပ်ခိုင်းဘူး ၊ ဒါပေမဲ့ အခု ကျွန်တော်တို့အပစ်ခံရလို့ ရဲဘော် ၃ ယောက် ဒဏ်ရာရသွားပြီ၊ KIA က အပစ်အခတ်ရပ်တယ်ပြောလိုက် ချောင်းပစ်လိုက်နဲ့ ခံရပေါင်းများနေပြီ၊ ခဏ ခဏ ဆိုရင်တော့ ကျွန်တော် တို့ သည်းခံတော့မှာ မဟုတ်ဘူး” ဟု စစ်တပ်အသိုင်းအ၀ိုင်းကနှင့်နီးစပ်သူများ၏ပြောပြချက်အရ သိရှိရပါသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက် နောက်ပိုင်း စစ်တပ်နဲ့ KIA ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်ဆိုင်း သွားပြီး တိုက်ပွဲဖြစ်သံတွေ မကြား ရတော့လို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုကြား ၀မ်းသာ ကြည်နူး ပီတိ ဖြစ်သံတွေ ကြားသိနေရပါသည်။ “ အခုရက်ပိုင်း ကျွန်တော်တို့ နားမှာ တိုက်ပွဲမဖြစ်တော့ဘူး၊ လောလောဆယ် ပစ်ခတ် တာတွေမလုပ်ဖို့ အထက် ကပြောထားတယ်၊ စစ်တပ်က သွားလာနေ တာတော့ နေ့တိုင်းတွေ့နေရတယ် ” လို့ လိုင်ဇာအ၀င်ဂိတ် မှာ တာဝန်ကျတဲ့ KIA အရာရှိနှစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောပြခဲ့ပါသည်။